ရှားတော – ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ် ရှားတောမြို့နယ်မှာ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် စစ်ရှောင် ၇ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် လမ်းခုလတ်မှာ အားလုံးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က စစ်ရှောင် ၈ ဦးကို လမ်းပြအဖြစ်ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ကိုယ်ဝန်သည်တစ်ဦး၊အမျိုးသမီး ၂ ဦးနဲ့ ကလေး ၃ ဦးကိုသတ်ဖြတ်ခဲ့တာဖြစ်ပြီး အမျိုးသား တစ်ဦးသာ လွတ်မြောက်ခဲ့တဘ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နဘ်အတွင်းက အမျိုးသမီးနဲ့ ကလေးသူငယ်တါေကို ရက် ရက်စက်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ IEC ညွှန်ကြားရေးမှူး ဦးဗညားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီက အဲဒီနေ့က လေယာဉ်နဲ့ ရှားတောကို အင်အားလာချတာကျွန်တော်တို့ သိလိုက် တယ်။ သူတို့က ကိုယ်ဝန်သည်နဲ့ မိသားစုတွေကို ဖမ်းပြီးတော့ လမ်းတဝက်မှာ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်။ ခေါင်းတွေကို ပစ်ထားတာတွေ့ရတယ်။ ကလေးတွေကတော့ ကြောမှာလဲ ကျည်ဒဏ် ရာတွေ တွေ့ပါတယ်” လို့သူက ပြောပါတယ်။

ပြည်သူတွေကို သတ်ဖြတ်သွားတဲ့စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းပြင်းမြို့နယ် အခြေစိုက် ခ.လ.ရ ၂၄၉ တပ်ရင်းက ရဟတ်ယာဉ် ၃ စီးနဲ့ စစ်ကူအင်အား ၆၄ ဦးပို့ဆောင်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြေပြင်မှာ ကရင်နီတပ်မတော် KA ရဲ့ တိုက်ခိုက်ခံရပြီးနောက် လူစုကွဲသွား တဲ့အတွက် အရပ်သားတွေကို လမ်းပြအဖြစ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့တဲ့ သေဆုံးသူ တွေဟာ ဆွေမျိုးတော်စပ်သူတွေဖြစ်ကြပြီး ကလေး ၃ ဦးဟာ အသက် ၁၀ နှစ်အောက်သာရှိကြသေးတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြ ထားပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေ့မှာပဲ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၄ ဦးသေဆုံးခဲ့တဲ့အတွက် လက်ရှိ မှာတော့ ဒီးမော့ဆိုမြို့နယ်အတွင်းက စာသင်ကျောင်းအားလုံးပိတ်ထားလိုက်ရပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.