မန်တုံ – ဖေဖော်ဝါရီ ၆ 

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ မန်တုံမြို့၊မိုင်းလုံမြို့နဲ့ မိုင်းငေါ့ မြို့တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်နဲ့ NUG ဖက်ဒယ်ရေးရာ ဒုဝန်ကြီး မိုင်းဝင်းထူးတို့ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၄ ရက်နေ့အထိ မြို့အုပ်ချုပ်ရေးကော်မတီနဲ့ မြို့အုပ်ချုပ်မှု ပုံမှန်လည်ပတ်စေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတွေကို ကြည့်ရှု့စစ်ဆေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။ 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ် ဂျားက သိမ်းပိုက်ထားတဲ့မြို့တွေဟာ တအာင်းလူမျိုးတစ်မျိုးတည်းသာ နေထိုင်ကြတာမဟုတ် ဘဲ တခြားလူမျိုးတွေနဲ့အတူနေထိုင်ကြတဲ့အတွက် နေချင်စဖွယ် ကောင်းတဲ့မြို့ဖြစ်ပြီး ချစ်ခင် ရင်းနှီးစွာအတူယှဉ်တွဲနေထိုင်သွားဖို့လိုအပ်တယ်လို့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ပြည်သူတွေရြ့ ကျန်းမာရေးကုသနိုင်ရေး၊ရပ်တန့်နေတဲ့ လူငယ်တွေရြ့ ပညာရေးကို ပြန်လည်သင်ကြားနိုင်ရေးနဲ့ လက်ရှိနိုင်ငံရေးအကြောင်းအရာတွေကို ဗိုလ်ချုပ်တာဘုန်းကျော်က ပြောခဲ့ပြီး ပြည်သူတွေကလည်း လိုအပ်ချက်တွေ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီး မိုင်းဝင်းထူးက NUG လမ်းပြမြေပုံနဲ့ လက်ရှိ လုပ်ဆောင်ချက်တွေကို ရှင်းလင်းပေးခဲ့ကာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်းဇာက TPCC အကြောင်းနဲ့ ဆောင်ရွက်ပြီးစီးသွားတဲ့ လုပ်ငန်း တွေကို ရှင်းလင်းပေးခဲ့ကြပါတယ်။ 

တွေ့ဆုံပွဲကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရှမ်း၊ကချင်၊ လီဆူ စတဲ့ တိုင်းရင်းသား စုစုပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.