ကျိုက်ထို၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

သိမ်ဇရပ်ရဲစခန်းကို မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၁၀ နာရီအချိန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်တွေဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ရဲစခန်းဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ် ဆောင်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို အိမ်စီးကားတစ်စီးနဲ့ သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဒီနောက် မနေ့ညပိုင်းမှာ ရဲစခန်းကနေ သိမ်ဇရပ်မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး အချက် ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.