မန်တုံ၊ ဖေဖော်ဝါရီ ၅ ရက်
တအာင်းတပ်မတော်က သိမ်းပိုက်ရရှိထားတဲ့ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းကို TNLA ခေါင်းဆောင်တွေနဲ့ NUG ဒုဝန်ကြီးတို့ လာရောက်ကြည့်ရှုခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/02/18-1.jpg?resize=640%2C482&ssl=1)
အဲ့ဒီတပ်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူး၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/02/19-1.jpg?resize=640%2C482&ssl=1)
တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိထားတဲ့ တပ်တွင်းအခြေအနေ၊ ပျက်စီးသွားသည့် အဆောက်အဦးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လာရောက်ကြည့်ရှုခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/02/21.jpg?resize=640%2C482&ssl=1)
အဲ့ဒီတပ်ကို တအာင်းတပ်မတော် PSLF/TNLA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီး မန်တုံမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအောင်းတပ်မတော်က သိမ်းပိုက်ရရှိထားတဲ့ စတုတ္ထမြို့လည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – PSLF/TNLA