February 5, 2024

နိုင်ငံဖြိုခွဲဖို့ ကြိုးပမ်းသူတွေကို အင်အားသုံးနှိမ်နင်းမယ်လို့ ဖိလစ်ပိုင်အစိုးရ ပြော

မနီလာ၊ ဖေဖော်ဝါရီ ၆ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက တောင်ပိုင်းကျွန်းတချို့ကို နိုင်ငံကခွဲထုတ်မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက နိုင်ငံပြိုကွဲအောင်လုပ်ဖို့ ကြိုးပမ်းသူတွေကို အင်အားသုံးနှိမ်နင်းဖို့ အသင့်ရှိတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဖာဒီနန်မားကိုစ့်နဲ့ မဟာမိတ်ဖွဲ့မှုတစ်ခု ပျက်ပြယ်သွားပြီးနောက် ဒူတာတေးက သူ့ရဲ့မွေးရပ်မြို့ဖြစ်တဲ့ မင်ဒါနာအိုကို နိုင်ငံက ခွဲထုတ်ပြီး လွပ်လပ်ရေး…

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းနဲ့ ဇနီတို့ကို တရားမဝင်လက်ထပ်မှုနဲ့ ထောင် ၇ နှစ်ချခံရ

အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၆ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ ဇနီးဖြစ်သူ ဘူရှရာ ခန်းတို့ရဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်မှုဟာ ဥပဒေချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၇ နှစ်စီနဲ့ ဒဏ်ငွေ ဒေါ်လာ ၁၈၀၀ ချမှတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာပါတီက ပြောပါတယ်။ အခုပြစ်ဒဏ်ဟာ ဒီတစ်ပတ်အတွင်း အီမရန်ခန်းအပေါ် တတိယအကြိမ်မြောက် ချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး သူပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့…

တနင်္သာရီ မောတောင်ငယ်ဒေသကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်ငယ်ရွာအနီးဝန်းကျင်ကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ Mi 35 စစ်ရဟတ်ယာဉ်ဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မောတောင်ငယ်ကျေးရွာနဲ့ မြိတ်-မောတောင်လမ်းပိုင်းပေါ်ကို ဗုံး ၁၁ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။…

လွိုင်ကော်အကျဉ်းထောင်က လွတ်ရက်စေ့အကျဉ်းသားတွေကို စစ်ကောင်စီပြန်မလွှတ်သေး

လွိုင်ကော် – ဖေဖော်ဝါရီ ၅ ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေထဲမှာ လွတ်ရက်စေ့နေသူတွေရှိနေပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ပေးသေးဘဲ ဖမ်းချုပ်ထား ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPMN ကထုတ်ပြန် ထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အကျဉ်းသားတွေရဲ့ လုံခြုံရေးအကြောင်း ပြချက်နဲ့ အကျဉ်းသား ၂၀ လောက်ကို ပြန်မလွှတ်ပေးတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄…

ဒီးမော့ဆိုမှာ စာသင်ကျောင်း ဗုံးကြဲခံရ၊ ကလေး ၄ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရ

ဒီးမော့ဆို ၊ ဖေဖော်ဝါရီ ၅ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာမှာရှိတဲ့ စစ်ရှောင်စာသင် ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၄ ဦး သေဆုံး ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စာသင်ကျောင်းကို…

သိမ်းပိုက်ထားတဲ့ မန်တုံတပ်ကို TNLA ခေါင်းဆောင်တွေနဲ့ NUG ဒုဝန်ကြီးတို့ လာရောက်ကြည့်ရှု

မန်တုံ၊ ဖေဖော်ဝါရီ ၅ ရက် တအာင်းတပ်မတော်က သိမ်းပိုက်ရရှိထားတဲ့ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းကို TNLA ခေါင်းဆောင်တွေနဲ့ NUG ဒုဝန်ကြီးတို့ လာရောက်ကြည့်ရှုခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ အဲ့ဒီတပ်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊…

ရေဖြူမှာ စစ်ကောင်စီခြေမြန်တပ်ရင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရေဖြူ၊ ဖေဖေါ်ဝါရီ ၅ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင် အခြေစိုက် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ ဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်ခန့်မှာ ရေး-ထား ဝယ်ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ကျေးရွာကြားမှာရှိတဲ့…

တောင်ပြိုနယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး

မောင်တော၊ ဖေဖော်ဝါရီ ၅ မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့အခြေစိုက် စစ်ကောင်စီရဲ့ တောင်ပြို(လက်ယာ)နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မောင်တောမြို့အခြေစိုက် တောင်ပြို (လက်ဝဲ-လက်ယာ) နယ်ခြားစောင့်တပ်စခန်းနှစ်ခုကို AA က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ တောင်ပြို…

သံတောင်ကြီးအခြေစိုက် မိုင်းလွန်ပင်မစခန်းကို PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်

သံတောင်ကြီး၊ ဖေဖော်ဝါရီ ၅ ကရင်ပြည်နယ် သံတောင်ကြီးခရိုင် သံတောင်ကြီးမြို့နယ် လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါပတယ်။ မိုင်းလွန်ပင်မစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနတို့ ပူးပေါင်းပြီး…