January 2024

“တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့်အရေးရဖို့ ပြန်လုပ်ယူရမယ်။ ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင်သူတို့လိုချင်တာ တပ်မက်တာ တအားနည်းတယ်။ တန်းတူအခွင့် ရေးဆိုတာ တစ်ချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရမယ်”

“တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့်အရေးရဖို့ ပြန်လုပ်ယူရမယ်။ ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင်သူတို့လိုချင်တာ တပ်မက်တာ အားနည်းတယ်။ တန်းတူအခွင့် ရေးဆိုတာ တစ်ချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရမယ်” Clean Yangon ဟာ နိုင်ငံတဝှမ်း သန့်ရှင်းသာယာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေ စု ပေါင်းပြီး ၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်း…

စစ်အာဏာသိမ်း (၁၀၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၂၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၅ AAPP ရဲ့ ဇန်နဝါရီ (၂၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၈) ရက်အတွင်း ပြည်သူ (၄၄၂၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၈၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကောင်စီရဲ့ ရန်စတိုက်ခိုက်မှုကို ညီနောင်သုံးဖွဲ့ ဘာကြောင့်သည်းခံနေတာလဲ

မော်လမြိုင်၊ ဇန်နဝါရီ ၂၅ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အပစ်ခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက ကျိုးပျက်စေလိုတဲ့အတွက် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ရန်စမှုတွေအပေါ် ညီနောင်မဟာမိတ်သုံးဖွဲ့က သည်းခံနေရတယ်လို့ ထုတ်ပြောလာတာပါ။ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA၊ ရခိုင်အဖွဲ့AA တို့ဟာ ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို သည်းခံနေတာကြောင့် တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေး…

နိုင်ငံရေးပါတီတွေ ပြည်သူ့လုံခြုံရေးမှာပါဝင်ကြဖို့ စစ်ကောင်စီလေသံစပစ်

မော်လမြိုင်၊ ဇန်နဝါရီ ၂၅ နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီက နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင်အင် အားတွေစည်းရုံးပြီး ပါတီဝင်အမာခံတွေနဲ့ ပြည်သူ့လုံခြုံရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလာပါတယ်။ အာဏာသိမ်း သုံးနှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ မြို့ပေါင်း ၃၀ ထက်မနည်း၊ စစ်ကောင်စီတပ်စခန်း ရာနဲ့ချီ လက်လွှတ်ဆုံးရှုံးလာရပြီးနောက် နိုင်ငံရေးပါတီတွေကို ပြည်သူ့လုံခြုံရေးမှာပါဝင်ကြဖို့ စစ်ကောင်စီဘက်က လေသံစပစ်လာတာပါ။ စစ်ကောင်စီ…

သံဖြူဇရပ်အမြောက်တပ်ရဲ့ တပ်ရင်းမှူးဇနီး အသတ်ခံရမှု စုံစမ်းစစ်ဆေးမည်

သံဖြူဇရပ်၊ ဇန်နဝါရီ ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်လမ်းပိုင်းမှာ သံဖြူဇရပ်မြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၅) အမြောက်တပ်ရဲ့ တပ်ရင်းမှူးဇနီး အသတ်ခံရမှုအပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က တပ်ရင်းမှူးဇနီး ဒေါ်အိသီရီကျော်နဲ့ အဖော်အမျိုးသမီးတစ်ဦးတို့ဟာ သိမ်ဇ ရပ်မှာ အကြွေးတောင်းဖို့ ကားတစ်စီးနဲ့ လာစဉ်…

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ

ရေး၊ ဇန်နဝါရီ ၂၅ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းရေးကာ ကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ စုံနံ့သာဈေးမှာဈေးဝယ်ဖို့ ကားတစ်စီးနဲ့ ထွက်လာစဉ်…

တောင်-မြောက်ကိုရီးယား ပေါင်းစည်းရေး မော်ကွန်းတိုင်ကို ကင်ဂျုံအန် ဖြိုချ

ဆိုလ်း၊ ဇန်နဝါရီ ၂၅ မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့မှာရှိတဲ့ တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး သင်္ကေတ တစ်ခုဖြစ်တဲ့ မော်ကွန်းတိုင်တစ်ခုကို ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အမိန့်နဲ့ ဖြိုချ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်ကို မဖြိုချခင်မှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက ရန်သူဖြစ်လာပြီး ပြန်လည်ပေါင်းစည်းရေး လုံးဝမဖြစ်နိုင်တော့ဘူးလို့ ခေါင်းဆောင် ကင်က ဆိုထားတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က မြို့တော်ပြုံယမ်းကိုရိုက်ကူးထားတဲ့…

ရုရှားရန်ကာကွယ်ဖို့ အချိန်မကျန်တော့ဘူးလို့ နော်ဝေစစ်ဦးစီးချုပ် သတိပေး

အော်စလို၊ ဇန်နဝါရီ ၂၅ လာမယ့်သုံးနှစ်အတွင်း ရုရှားနိုင်ငံနဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်တိုး မြှင့်ရမယ်လို့ နော်ဝေစစ်တပ်အကြီးအကဲလည်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက် ပါတယ်။ နော်ဝေစစ်ဦးစီးချုပ် ဗိုလ်ချုပ် အီရစ် ခရစ္စတိုဖာဆန်က ရုရှားနိုင်ငံရဲ့ ခန့်မှန်းလို့မရတဲ့ အခြေ အနေတွေကြောင့် ကာကွယ်ရေးအင်အားတည်ဆောက်ဖို့ အချိန်မရှိတော့ဘူးလို့ ဒေသတွင်း သတင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေအရ မိမိတို့ နိုင်ငံရဲ့…

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ BGF တောင်းဆို

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီဒုတပ်ချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းဆိုခဲ့တယ်လို့ BGF နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်တို့အကြား မပြေလည်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ကို စစ်ကောင်စီရဲ့ ဒုတိယဥက္ကဌ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့…

ကျောက်တံခါးမှာ PDF တပ်ဖွဲ့ ရှောင်တခင်စစ်ဆေးစဉ် စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်

ကျောက်တံခါး – ဇန်နဝါရီ ၂၄ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ် မင်းလှ-စိန်ကန့်လန့်လမ်းမှာ ပဲခူးခရိုင် PDF ၃၇၀၁ တပ်ရင်း တပ်ခွဲ ၅ ( Dike-U Defence Force) က နယ်မြေစိုးမိုးရေး ရှောင်တခင်စစ်ဆေးချိန်မှာ စစ်ကောင် စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပဲခူး PDF က ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့…