January 2024

KNU ဖာပွန်ခရိုင် တစ်နှစ်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀ ကျော်သေဆုံး

ဖာပွန်၊ ဇန်နဝါရီ ၆ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒုခွဲမှူးတွေအပါအဝင် ၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ဖာပွန်ခရိုင်မှာ ၂၀၂၃ ခုနှစ်…

ရုရှားစစ်တပ်ထဲဝင်မယ့် နိုင်ငံခြားသားတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ပူတင် မက်လုံးပေး

မော်စကို၊ ဇန်နဝါရီ ၆ ရုရှားစစ်တပ်ထဲ ဝင်ရောက်အမှုထမ်းတဲ့ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထား နိုင်တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ သမ္မတ ပူတင်က လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်လိုက်ပါ တယ်။ ရုရှားအာဏာပိုင်တွေဟာ ပြည်တွင်းမှာ တပ်သားသစ်စုဆောင်းမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်ပတိုက်ခိုက်ရေးသမားတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ မက်လုံးပေးခဲ့ တာပါ။ သမ္မတ ပူတင်လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်အသစ်အရ ရုရှားစစ်တပ်ထဲ…

မြန်မာနယ်စပ်တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ် သတိပေး

ဘေဂျင်း၊ဇန်နဝါရီ ၆ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ လက်နက်ကြီးကျည် တွေ ကျရောက်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီးနောက် တရုတ်အစိုးရက တိုက်ပွဲတွေရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ဆိုထားသလို မိမိတို့နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လိုအပ်တာတွေအားလုံးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝမ်ဘင်က ပြောခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို…

ဟိုပန်မြို့တိုက်ပွဲမှာ ညီနောင်မဟာမိတ်တွေနဲ့အတူ BPLA ပါဝင်တိုက်ခိုက်ခဲ့

ဟိုပန် – ဇန်နဝါရီ ၅ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် BPLA က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းမှာ စခန်းသိမ်းထားတဲ့ ပုံတွေနဲ့အတူ ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်ခဲ့တာပါ။ ဟိုပန်မြို့က စစ်ကောင်စီ ခလရ ၁၄၅…

မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို TNLA က သိမ်းပိုက်

မိုးမိတ်၊ ဇန်နဝါရီ ၅ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကျန်ကန်တပ်စခန်းကို ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ တပ်မဟာ (၃)စစ်ဒေသ စစ်ကောင်စီရဲ့ စစ်ဒေသကွပ်ကဲရေးဌာနချုပ်(စကခ) ၂၁နဲ့ အမှတ်-၂၂၃ ခြေ မြန်တပ်ရင်းတွေ ပူးပေါင်းတပ်စွဲထားတဲ့ ဆင်ကင်(ကျန်ကန်) တပ်စခန်းကို ဇန်နဝါရီ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့…

လောက်ကိုင် (ဒကစ) ဌာနချုပ် MNDAA ထံ လက်နက်ချပြီး လားရှိုး ပြန်ဆုတ်

လောက်ကိုင် ၊ ဇန်နဝါရီ ၅ ရှမ်းပြည်နယ် လောက်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးဌာနချုပ်ဖြစ်တဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် – လောက်ကိုင် (ဒကစ) ဟာ ဇန်နဝါရီ ၄ ရက်နေ့မှာ MNDAA ထံ လက်နက်ချပြီး လားရှိုးကို ပြန်ဆုတ်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်အရ လောက်ကိုင် (ဒကစ) ဌာနချုပ်ရှိ…

စစ်အာဏာသိမ်း (၁၀၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၅ AAPP ရဲ့ ဇန်နဝါရီ (၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၈) ရက်အတွင်း ပြည်သူ (၄၂၇၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲကျင်းပမယ့်ရက် စစ်ကောင်စီ ကတိမပေးနိုင်

နေပြည်တော် ၊ ဇန်နဝါရီ ၅ စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ရည်မှန်းထားတဲ့ ရွေး‌ကောက်ပွဲကျင်းပနိုင်ရေး ၂၀၂၄ ခုနှစ်မှာ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါ တယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ပေးပို့တဲ့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့…

စစ်တပ်ဖမ်းဆီးထားတဲ့ သံဖြူဇရပ်ဒေသခံ ၂၀ နီးပါး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ

သံဖြူဇရပ်၊ ဇန်နဝါရီ ၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တပ်ဖမ်းဆီးထားတဲ့သူတွေအနက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခံရသူ ၂၀ နီးပါး ရှိလာတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးမြသန်း ဖမ်းဆီးခံရပြီးနောက် PDF တွေနဲ့ ပတ်သက်ဆက်နွယ်ဖူးတဲ့…

မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

သံဖြူဇရပ်၊ ဇန်နဝါရီ ၄ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင် တစ်ဦးဟာ လက်နက်မဲ့နဲ့ အလင်းဝင်ရောက်လာတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင်ကို ဇန်နဝါရီ ၄ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ် သံဖြူဇရပ်တပ်နယ်က တာဝန်ရှိသူတွေထံ ဂုဏ်ပြုအခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…