January 2024

စစ်တပ်ဖမ်းထားတဲ့ သတင်းသမားတွေပြန်လွှတ်ပေးဖို့ IPCM တောင်းဆို

မော်လမြိုင် – ဇန်နဝါရီ ၁၀ မြန်မာနိုင်ငံကိုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်ဆီးထောင်ချထားတဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က တောင်းဆိုလိုက်ပါတယ်။ သတင်းသမားတွေဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူတင်ဆက်တာဟာ တည်ဆဲ ဥပဒေ၊နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ပြည်သူတို့ရဲ့ သတင်းရယူသိရှိပိုင်ခွင့် (Right to Information) ကို တရားဝင်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒါကြောင့် လွတ်လပ်စွာ သတင်းရယူတင်ဆက်တာကို…

နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်နိုင်ဂါထာခေါ် ဥပ္ပါတသန္တိပရိတ်တော်ကို ၂၇ ရက်တိတိ ရွတ်ဖတ်ယတြာချေ

ရန်ကုန်၊ ဇန်န‌‌ဝါရီ ၁၀ “၁၀၂၇ စစ်ဆင်ရေး”နဲ့ အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲတွေမှာ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်နိုင်ဂါထာလို့ခေါ်တဲ့ “ဥပ္ပါတသန္တိ ပရိတ်တော်” ကို မြို့နယ်အ လိုက် ၂၇ ရက်တိတိ ရွတ်ဖတ်ယတြာချေခိုင်းနေတယ်လို့ သိရပါတယ်။ အခု ၂၀၂၄ ခုနှစ် နှစ်စမှာတင် ရှမ်းမြောက်ရှိ ဒကစ (လောက်ကိုင်) တစ်ခုလုံး…

မြောက်ဦးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးပြီး အရပ်သား ၄ ဦးသေဆုံး

မြောက်ဦး၊ ဇန်နဝါရီ ၁၀ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့တဲ့အပြင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ AA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ အင်အား ၅၀…

စစ်အာဏာသိမ်း (၁၀၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၀ AAPP ရဲ့ ဇန်နဝါရီ (၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၃) ရက်အတွင်း ပြည်သူ (၄၃၀၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၈၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အာဆီယံအထူးကိုယ်စားလှယ်သစ်နဲ့ အပစ်ရပ် ၅ ဖွဲ့ တွေ့ဆုံမယ်

နေပြည်တော် ၊ ဇန်နဝါရီ ၁၀ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ပူပူနွေးနွေး ခန့်အပ်ခံထားရတဲ့ အေလွန်ကီရို ကစ်တစ်ဟောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အပစ်ရပ် ၅ ဖွဲ့နဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ နေပြည် တော်မှာ တွေ့ဆုံသွားမယ်လို့ PPST ကနေ သိရပါတယ်။ လာအိုနိုင်ငံကနေ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို ပထမဦးဆုံးလာရောက်ပြီး အပစ်ရပ်ထိုးတိုင်းရင်းသားလက်…

ကိုးကန့်ဒေသတစ်ခုလုံး လက်လွှတ်ရပြီးနောက် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၁၀ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသတစ်ခုလုံး လက်လွှတ်ရပြီး နောက် စစ်ကောင်စီဟာ စစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်တချို့နဲ့ ဝန်ကြီးရာထူးနေရာ အပြောင်းအလဲ ပြု လုပ်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန ၄ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့တာပါ။ စစ်ကောင်စီရဲ့…

တစ်နှစ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၄၀၀ နီးပါးသေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၁၀ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီလက် ချက်ကြောင့် အမျိုးသမီး ၃၉၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၅၄၁ ဦးရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ BWU အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်တာ၊ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးရတာ၊…

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်သားတွေ ဆေးကုသခွင့်မရ

ထားဝယ်၊ ဇန်နဝါရီ ၁၀ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေ ဆေးကုသခွင့်မရဘဲ နည်းလမ်းမျိုးစုံးသုံးပြီး ဖိနှိပ်ခံနေရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က သိရပါတယ်။ ထားဝယ်အကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ ထောင်တွင်းအကျဉ်းသားတွေအနက် နိုင်ငံ ရေး အကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဖိနှိပ်လေ့ရှိသလို ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်လို့ DPPN က ပြောပါတယ်။ ဆေးကုသခွင့်မရတာကြောင့်…

အီရတ်က အမေရိကန်တပ်တွေ ထွက်ခွာဖို့မရှိဘူးလို့ ပင်တဂွန်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ အီရတ်အစိုးရက အမေရိကန်ဦးဆောင်တဲ့ စစ်ဘက်ဆိုင်ရာညွှန်ပေါင်းအဖွဲ့ကို ဖယ်ရှားဖို့ စတင်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပေမယ့် အမေရိကန်ကတော့ သူတို့ရဲ့တပ်တွေကို ပြန်လည်ခေါ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အိုင်အက်စ်အဖွဲ့ကို ချေမှုန်းဖို့လုပ်ဆောင်နေတာဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာဖို့ မရှိသေးဘူးလို့ အမေရိကန်လေတပ်ဗိုလ်မှူးချုပ် ပက်ထရစ်ရိုကဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အမေရိကန်စစ်သားတွေကို ဖယ်ရှားဖို့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အီရတ်ကာကွယ်ရေးဝန်ကြီးဌာနကို အသိပေးထားတာမရှိသေးသလို ကန်စစ်တပ်ဟာ အီရတ်အစိုးရရဲ့…

ဂါဇာမှာ မြေအောက်လက်နက်စက်ရုံ ရှာတွေ့ထားတယ်လို့ အစ္စရေး ပြော

အယ်လ်ဘူရိတ်ဂျ် ၊ ဇန်နဝါရီ ၁၀ ဂါဇာကမ်းမြောင်ဒေသမှာ အကြီးဆုံးလက်နက်ထုတ်လုပ်ရေး မြေအောက်စက်ရုံတစ်ခု ရှာတွေ့ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အဲဒီလက်နက်စက်ရုံမှာ မြေအောက်အလုပ်ရုံတွေပါဝင်ပြီး အစ္စရေးမြောက်ပိုင်းက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့အသုံးပြုတဲ့နေရာဖြစ်တယ်လို့ ဆိုထားတာပါ။ မြေအောက်အလုပ်ရုံတွေကနေ ဒုံးကျည်တွေအပြင် မော်တာကျည်ခွံတွေလို ခဲယမ်းမီးကျောက် တွေလည်း ထုတ်လုပ်နေပြီး မြေအောက် ဥမင်လမ်းကြောင်းတွေနဲ့ ချိတ်ဆက်တည်ဆောက်ထား တာ ဖြစ်တယ်လို့ အစ္စရေးက…