January 2024

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ABSDF သဝဏ်လွှာပေးပို့

မော်လမြိုင် – ဇန်နဝါရီ ၁၁ ၈၆ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီနေ့ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးမှာ ကရင်အမျိုးသားတစ်ရပ်လုံး ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စေဖို့ ABSDF က ဆုတောင်းပေးထားပါတယ်။ ကရင်အမျိုးသားထုကြီးရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ဒီမိုကရေစီရရှိရေး၊အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအပါအဝင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး နိုင်ငံရေး…

မြိတ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

မြိတ်၊ ဇန်နဝါရီ ၁၁ တနင်္သာရီတိုင်း၊ မြိတ်မြိုနယ်မှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာ ကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ တနင်္သာရီမြို့မှ လာတဲ့ အင်အား ၇၀ ဝန်ကျင်းပါ ခြေလျင်စစ်ကြောင်းကို တဂံတောင်ပုကျေးရွာနဲ့…

စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က ဘာသာရေးပဋိပက္ခဖန်တီးဖို့ကြိုးစားနေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ MNDAA ကိုးကန့်တပ် ဝတ်စုံဝတ်ဆင်ထားသူက ဘုရားစေတီတဆူကို ထုနှက်ဖျက်ဆီးနေတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး ဘာသာရေးပဋိပက္ခဖန်တီးဖို့ ကြိုးပမ်းနေတဲ့အကြောင်းအရာ ကို ဒီနေ့မှာ စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းအရာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့်…

စစ်အာဏာသိမ်း (၁၀၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၃၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၁ AAPP ရဲ့ ဇန်နဝါရီ (၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၄) ရက်အတွင်း ပြည်သူ (၄၃၃၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၉၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လောင်းလုံးမှာ နှစ်ပတ်အတွင်း နေအိမ် ၁၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

လောင်းလုံး၊ ဇန်နဝါရီ ၁၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့ နှစ်ပတ်အတွင်း နေအိမ် ၁၅၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အိမ်အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ဖောက် ထွင်းယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဇန်နဝါရီ ၈ ရက်နေ့အထိ နှစ်ပတ်အတွင်း ဒေသခံပြည်သူတွေ…

လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၁ စစ်ဆင်ရေးတွေမှာ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေမှာ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လာနေတယ်လို့ မြေပြင်အချက်အ လက်တွေက ဖော်ပြနေပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ ကိုးကန့်ဒေသတစ်ခုလုံးအပါအဝင် ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ ချင်းတို့မှာ မြို့ပေါင်း ၂၈ မြို့ထက်မနည်း၊ တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံး ရှုံးခဲ့ရတာပါ။ အခုရက်ပိုင်းအတွင်း…

ရေးမှာ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ဖို့စာဖြန့်ဝေ၊ စစ်တပ်အသည်းအသန် လိုက်သိမ်းနေ

ရေး၊ ဇန်နဝါရီ ၁၁ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ တော်လှန်ရေးအင် အားစုအဖွဲ့တွေက ဇန်နဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်တွန်းနှိုးဆော်စာ ဖြန့်ဝေတာတွေ လုပ် ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေးမြို့ရဲ့ ကမ်းနားဈေးအပါအဝင် လူစည်းကားရာ နေရာတွေအပြင် အစင်နဲ့ကျောင်းရွာစံပြကျေး ရွာတွေဘက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ စာရွက်လိုက်ကပ်တာနဲ့…

ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ်၊ ဇန်နဝါရီ ၁၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ KNLA PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေအိမ်မီးလောင်ပျက်စီးတာနဲ့ အရပ်သားသေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ အချိန်တစ်လကျော်ကြာ ဖြစ်ပွားလာခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲဟာ ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း ကော့ကရိတ်မြို့…

တရုတ်ရဲ့ ဂြိုလ်တုလွှတ်တင်မှုကြောင့် ထိုင်ဝမ်မှာအရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့ရ

တိုင်ပေ၊ ဇန်နဝါရီ ၁၁ ထိုင်ဝမ်မှာ သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှုတွေရှိနေချိန်မှာ တရုတ်ရဲ့ ဂြိုလ်တုလွှတ်တင်မှုကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ သမ္မတလောင်း လိုင်ချင်းတီက တရုတ်ဟာ ထိုင်ဝမ်ရွေးကောက်ပွဲအပေါ် လွှမ်းမိုဖို့ ကြိုးပမ်း နေတယ်လို့ ဝေဖန်မှုတွေထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာပဲ အရေးပေါ်သတိပေးချက်ထွက် ပေါ်လာတာပါ။ ထိုင်ဝမ်ရဲ့ ရွေးကောက်ပွဲရလဒ်က ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးလမ်းကြောင်းကို သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။ နက္ခတ်တာရာဆိုင်ရာ အချက်အလက်တွေ စုဆောင်းမယ့်…

ထိုင်းပြည်သူတွေကို အစိုးရရဲ့ ဘတ် ၁၀၀၀၀ ပေးမယ့်အစီအစဉ် မေလမှာ စတင်မယ်

ဘန်ကောက် – ဇန်နဝါရီ ၁၁ ထိုင်းအာဏာရအစိုးရရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ အာဏာရချိန်မှာ ပြည်သူတွေကို ဘတ်ငွေ ၁၀၀၀၀ ပေးမယ့် အစီစအဉ်ကို လာမယ့်မေလမှာ စတင်လုပ်ဆောင်သွားမှာဖြစ်တယ် လို့ ဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က သတင်းထောက်တွေကိုပြောပါတယ်။ အစိုးရကို ဥပဒေဆိုင်ရာ အကြံပေးနေတဲ့အဖွဲ့က အဲဒီအစီအစဉ်အတွက် ဆရီထာရဲ့ ဝန်ကြီးများ အဖွဲ့ ငွေချေးယူမှုကို တားမြစ်ဖို့မရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ပြီးနောက်…