January 2024

ရေးအခြေစိုက် ခလရ ၁၀၆ တပ်ရင်း တိုက်ခိုက်မှုမှာ စစ်သား ၄ ဦး သေဆုံးတယ်လို့ ရေးဘီလူးအဖွဲ့ပြော

ရေး၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေလျင်တပ်ရင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်က ပြောပါတယ်။ အဲဒီတပ်ရင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က အ လစ်ငိုက်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာ…

စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းမှုမှာ ပါဝင်သူတွေကို ပြင်းထန်စွာအရေးယူမယ်

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ စစ်ကောင်စီအလိုကျ ပြည်သူတွေကိုဖိအားပေး ပြည်သူစစ်ဖွဲ့စည်းတဲ့လုပ်ငန်းမှာ ပါဝင်နေသူအား လုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဇန်နဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ စစ်မျက်နှာအနှံ့ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဖွဲ့ဝင်အင်အား ချိနဲ့ပြုန်းတီးလာတာ၊ စိတ်ဓာတ်ရေးရာ ပြိုကျပျက်စီးလာတာကြောင့် ပြည်သူ့စစ်အဖြစ် ပြည်သူတွေကို လိမ်လည်လှည့်…

စစ်အာဏာသိမ်း (၁၀၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၈၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ AAPP ရဲ့ ဇန်နဝါရီ (၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၁) ရက်အတွင်း ပြည်သူ (၄၃၈၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာ့ပြည်တွင်းရေး တရုတ်လွှမ်းမိုးမှုရှိတယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ သဘောထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့…

သိမ်ဇရပ်မှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

ကျိုက်ထို၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၀) အ မြောက်တပ်ကနေ…

ဘီးလင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားစေတီတစ်ဆူနဲ့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီး

ဘီးလင်း၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုတွေကြောင့် ဘုရားစေတီတစ်ဆူ၊ ဘာသာရေးအဆောက်အဦးတစ်လုံးနဲ့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ…

တနင်္သာရီမှာ စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

တနင်္သာရီ၊ ဇန်နဝါရီ ၁၈ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ညောင်ပင်ကွင်း အခြေစိုက် ခမရ-၅၆၁ တပ်နဲ့…

စစ်ပွဲဆက်ဖြစ်ရင် ယူကရိန်းနိုင်ငံ ဖြစ်တည်မှု အန္တရာယ်ရှိတယ်လို့ ပူတင် ခြိမ်းခြောက်

မော်စကို၊ ဇန်နဝါရီ ၁၈ စစ်ပွဲလက်ရှိပုံစံအတိုင်းဆက်လက်ဖြစ်ပွားနေပါက ယူကရိန်းနိုင်ငံရဲ့ဖြစ်တည်မှုဟာ ပြန်ပြင်လို့မရတဲ့ ထိုးနှက်ချက်နဲ့ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်က ခြိမ်းခြောက်လိုက်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ တောင်းဆိုမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး အစည်းအဝေးတစ်ရပ် လက်ခံကျင်းပဖို့ ဆွစ်ဇာလန်က သဘောတူလိုက်ပြီးနောက် ပူတင်က အခုလိုပြောခဲ့တာပါ။ အနောက်တိုင်းနဲ့ ယူကရိန်းတို့ ဆွေးနွေးနေတဲ့ အစီအစဉ်တွေကို ပူတင်က ပယ်ချထားပြီး သူတို့…

ပါကစ္စတန်နိုင်ငံထဲ အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် နှစ်နိုင်ငံစစ်ရေးတင်းမာ

တီဟီရန်၊ ဇန်နဝါရီ ၁၈ ပါကစ္စတန်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ ဌာနချုပ်ကို အီရန်စစ်တပ်က ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ကာမန်မြို့ဗုံးခွဲတိုက်ခိုက်မှုနဲ့ဆက်နွယ်နေတဲ့ အီရတ်၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်မှာရှိတဲ့ ပစ်မှတ်တွေကို အီရန်စစ်တပ်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဝန်ခံပြီးနောက် ပါကစ္စတန်က ပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ခဲ့တာပါ။ အီရန်က သူတို့ကိုအန္တရာယ်ပေးနိုင်တယ်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကို…

မင်းဘူးခရိုင်အတွင်း ပျူစောထီးတွေ လက်နက်နဲ့ခြိမ်းခြောက်ပြီး လူသစ်စုဆောင်းနေ

မင်းဘူး – ဇန်နဝါရီ ၁၇ မကွေးတိုင်း၊မင်းဘူးခရိုင်းအတွင်းမှာရှိတဲ့ မြို့တွေမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး တွေက လက်နက်နဲ့ခြိမ်းခြောက်ပြီး လူသစ်စုဆောင်းတာတွေလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စကု၊စလင်းနဲ့ ပွင့်ဖြူမြို့နယ်က လက်နက်ရရှိပြီးသား ပျူစောထီးတွေက လူငယ်တွေကို လက်နက်ကိုင်ရမယ်၊ အခွင့်အရေးရမယ်ဆိုပြီး စည်းရုံးနေတာပါ။ ပျူစောထီးတွေဟာ သူတို့ကိုယ်တိုင် တစ်ထောင့်ထိုး ပြောင်းချောလို့ယူဆရတဲ့ လက်နက်သာ ကိုင်ဆောင်ထားရပေမယ့် လူငယ်တွေကို မောင်းပြန်သေနတ်ရမယ်ဆိုတဲ့…