January 2024

မွန်ညီညွတ်ရေးပါတီဟာ နာသုံးနာပါတီလို့ ရာမညအင်စတီကျူပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၂၀ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံအတိုင်းအတာအရ ဆဋ္ဌမနေရာကနေ ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရရှိခဲ့တဲ့အတွက် မွန်ညီညွှတ်ရေးပါတီဟာ စစ်ကောင်စီကြောင့် နာသုံးနာပါတီဖြစ်နေရတယ်လို့ နိုင်ငံရေးသုတေသနအဖွဲ့အဖြစ်တဲ့ ရာမညအင်စတီကျူရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရာမညအင်စတီကျူရဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ နဲ့ မွန်နိုင်ငံရေး အပတ်စဉ်သုံး သပ်ချက် အစီရင်ခံစာအရ မွန်ညီညွတ်ရေးပါတီဟာ…

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်

ရေး၊ ဇန်နဝါရီ ၂၀ ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးမြို့နယ် ကမ်းနီကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခတ်မှုကြောင့် ကွမ်းခြံတွေအ တွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းကနေ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်မှာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကမ်းနီးကျေးရွာအနီးပတ်ဝန်း ကျင်ကို…

KNU နယ်မြေမှာ တစ်နှစ်အတွင်း အရပ်သား ၂၀၀ နီးပါး အသတ်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၂၀ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီ တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှု၊ မိုင်းထောင်မှု၊ ပေါ်တာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုမှု၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုအပါ…

အမေရိကန် တာဝေးပစ် ဒုံးကျည်အစင်း ၄၀၀ ဂျပန် ဝယ်ယူမယ်

တိုကျို၊ဇန်နဝါရီ ၂၀ ဂျပန်နိုင်ငံဟာ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေ ဝယ်ယူခွင့်ပြုတဲ့စာချုပ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ တာဝေးပစ်ဒုံးကျည်အစင်း ၄၀၀ ဝယ်ယူရေးအတွက် ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရမ် အမ်မြူရယ်တို့ဟာ တိုကျိုမှာ လက်မှတ်ရေးထိုးခဲ့တာပါ။ တရုတ်၊မြောက်ကိုရီးယားနဲ့ရုရှားတို့ရဲ့ အန္တရာယ်တွေအပါအဝင် ဒေသတွင်းအန္တရာယ်တွေကို တားဆီးဖို့နဲ့ သူတို့ရဲ့…

တော်ဝင်မိသားစုကို ဝေဖန်ခဲ့တဲ့ ထိုင်းနိုင်ငံသား ထောင်အနှစ် ၅၀ ချခံရ

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကိုဝေဖန်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံသားတစ်ဦးကို ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့တယ်လို့ တရားဥပဒေအခွင့်အရေးဆိုင်ရာအဖွဲ့တစ်ခုက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ချမှတ်ခဲ့တာဖြစ်ပြီး အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို အသုံးချမှု ပိုမိုများပြားလာခဲ့တာပါ။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မွန်ကိုးလ် သီရာကော့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ…

ပေါင်းတည်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိခဲ့

ပေါင်းတည် – ဇန်နဝါရီ ၁၉ ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု မအူကွင်းရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၃ ဦး သေဆုံး ၇ ဦးဒဏ်ရာရ

ဘီးလင်း၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တက်တူးကုန်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ ဇီးဝန်းအမြောက်တပ်ကနေ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အရပ်သားပြည်သူတွေ…

အပစ်ရပ်သဘောတူညီမှုကြောင့် မြို့တွေ ဆက်မသိမ်းတာလို့ ညီနောင်သုံးဖွဲ့ ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၉ တရတ်ကြားဝင်စေ့စပ်မှုအရ ရရှိထားတဲ့”ဟိုင်ဂင် သဘောတူညီမှု”ကို လိုက်နာခဲ့တဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေကို အကောင်အထည် မဖော်ဘဲ ထားရှိခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက သတ်မှတ်ထားတဲ့အတိုင်း မြို့သိမ်းတိုက်ပွဲတွေကို အကောင်အထည်ဖော်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖြစ်ပါက အမည်မဖော်ပြထားတဲ့ မြို့ကြီးတွေလည်း…

သထုံမှာ အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သထုံ၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး မှာ မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ အမျိုးသား တစ်ဦး ပစ်သတ်ခံလိုက်ရတယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကိုမျိုးမင်း+မမိလေး ကားလက်မှတ်အရောင်းဆိုင်ကို လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး ကားလက်မှတ်အရောင်း ကိုယ်စားလှယ် အသက်…

စစ်အာဏာသိမ်း (၁၀၈၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၉ AAPP ရဲ့ ဇန်နဝါရီ (၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၂) ရက်အတွင်း ပြည်သူ (၄၃၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…