ကိဗ်၊ ဇန်နဝါရီ ၃၀

ရုရှားကျူးကျော်စစ်ကိုခုခံနေတဲ့ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမယ့် ရန်ပုံ ငွေထဲက အမေရိကန်ဒေါ်လာသန်း ၄၀ ခိုးယူတယ်လို့ စွပ်စွဲခံထားရတဲ့ ယူကရိန်းအရာရှိ ၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်တွေဟာ ယူကရိန်းလက်နက်လုပ်ငန်းတစ်ခုနဲ့ပူးပေါင်းပြီး မော်တာကျည် တစ်သိန်းဝယ်ယူဖို့ လျာထားတဲ့ပိုက်ဆံတွေကို ခိုးယူခဲ့တာကြောင့် ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဌာနက ဆိုထားပါတယ်။

အမေရိကန်က ယူကရိန်းကို ဆက်လက်အကူအညီပေးရေး၊မပေးရေးနဲ့ ပတ်သက်လို့ သဘော ထားကွဲလွဲမှုတွေရှိနေပြီး ယူကရိန်းမှာ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ကာလရှည်အခက် ကြုံနေတာတွေကို ထောက်ပြထားချိန်မှာ အရေးယူမှုထွက်ပေါ်လာတာပါ။

ယူကရိန်းရှေ့နေချုပ်ကတော့ အဲဒီအရာရှိတွေကို ဖမ်းဆီးပြီးနောက် ဒေါ်လာ ၃၉ ဒသမ ၆ သန်း ကို သိမ်းဆည်းပြီး ကာကွယ်ရေးဘက်ဂျက်ထဲကို ပြန်ထည့်ပေးလိုက်ပြီလို့ဆိုထားသလို သူတို့ တွေအနေနဲ့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက ထောင် ၁၂ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျည်အခွံတွေ ဝယ်ယူဖို့အတွက် ကာကွယ်ရေးအရာရှိတွေဟာ လက်နက်ထုတ် လုပ်ရေးလုပ်ငန်း  Lviv Arsenal ဆီငွေပေးချေဖို့ ဆောင်ရွက်ခဲ့ရာမှာ အခုလိုရန်ပုံငွေတွေ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ယူကရိန်းအရာရှိတွေက အသိပေးထားပါတယ်။

ဝယ်ယူလိုတဲ့ ပစ္စည်းတွေလုံးဝရောက်မလာခဲ့ဘဲ ငွေတွေဟာ ကာကွယ်ရေးအရာရှိတွေရဲ့ အကောင့်တွေထဲကို လွှဲပြောင်းပေးပို့ခဲ့တာတွေ့ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

ကျူးကျော်စစ်မတိုက်ခင်က ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အကျင့်ပျက်ခြခစားမှုတွေကို တိုက်ဖျက်မယ်ဆိုတဲ့ ကတိကဝတ်နဲ့ အာဏာရလာတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အကျင့် ပျက်ခြစားမှု ပြဿနာတွေပေါ်ပေါက်နေတာပါ။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ထိထိရောက်ရောက်ဆောင်ရွက်မှုမရှိတာကြောင့် အစိုးရဟာ ကမ္ဘာ့စင်မြင့်မှာ ဂုဏ်သတင်းထိခိုက်နေရတယ်လို့ ဇီလန်စကီးရဲ့ အကြံပေးပုဂ္ဂိုလ်က ဆိုထား သလို ယူကရိန်းအရာရှိတစ်ဦးကလည်း လူတွေဟာ မနက်ဖြန်ဆိုတာမရှိတော့သလို ခိုးယူနေကြ တယ်လို့ တိုင်းမ်မဂ္ဂဇင်းနဲ့ တွေ့ဆုံချိန်မှာ ပြောထားပါတယ်။

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.