အော်စလို၊ ဇန်နဝါရီ ၂၅
လာမယ့်သုံးနှစ်အတွင်း ရုရှားနိုင်ငံနဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်တိုး မြှင့်ရမယ်လို့ နော်ဝေစစ်တပ်အကြီးအကဲလည်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက် ပါတယ်။
နော်ဝေစစ်ဦးစီးချုပ် ဗိုလ်ချုပ် အီရစ် ခရစ္စတိုဖာဆန်က ရုရှားနိုင်ငံရဲ့ ခန့်မှန်းလို့မရတဲ့ အခြေ အနေတွေကြောင့် ကာကွယ်ရေးအင်အားတည်ဆောက်ဖို့ အချိန်မရှိတော့ဘူးလို့ ဒေသတွင်း သတင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့တာပါ။
လက်ရှိအခြေအနေအရ မိမိတို့ နိုင်ငံရဲ့ ကာကွယ်ရေးအင်အားတည်ဆောက်နိုင်မယ့်အချိန်ဟာ တစ်နှစ် ဒါမှမဟုတ် အများဆုံး သုံးနှစ် အထိသာရှိတော့တယ်လို့ သူက ဆိုခဲ့တာပါ။
သုံးနှစ်အတွင်း ရုရှားဘာဖြစ်လာမယ်ဆိုတာ မသိရသေးသလို မသေချာမရေရာတဲ့ ကြိုတင်ခန် မှန်းရခက်တဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်နိုင်ဖို့ ကာကွယ်ရေးအားကောင်းအောင် ကြိုတင် ပြင်ဆင်ထားရမယ်လို့ သတိပေးခဲ့တာပါ။
ရုရှားဟာသူတို့ရဲ့ လက်နက်တိုက်တွေကို နေတိုးမဟာမိတ်နိုင်ငံတွေ လက်နက်ထုတ်လုပ်နေတဲ့ နှုန်းထက် ပိုမြန်တဲ့နှုန်းနဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါသေး တယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ နှစ်ရာ ခိုင်နှုန်းသုံးစွဲရမယ်လို့ သတ်မှတ်ထားပေမယ့် အဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ နော်ဝေးအနေနဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီသေးဘဲ ၂၀၂၆ မှာ သတ်မှတ်ချက်အတိုင်း သုံးစွဲနိုင်ဖို့ ရည်းမှန်း နေတာပါ။
ရုရှားနဲ့နေတိုးအဖွဲ့ရဲ့အရှေ့ဘက်ခြမ်းမှာ စစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ဟာ မဟာမိတ်တွေရင်ဆိုင် နေရတဲ့ အကြီးမားဆုံးအန္တရာယ်ဖြစ်လာနေတယ်လို့ အနောက်နိုင်ငံခေါင်းဆောင်တွေက သတိ ပေးပြီးနောက် နော်ဝေကာကွယ်ရေးဦးစီးချုပ်ရဲ့ သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပူတင်အနေနဲ့ လာမယ့် ငါးနှစ်ကနေ ရှစ်နှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ဖို့ ရွေးချယ်လာနိုင်တယ်လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတိုးရီးယာ့စ်က ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေးထားပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံ အကြီးအကဲတွေဟာ ပူတင်က ရုရှားအင်ပါယာဟောင်း နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ကြိုးပမ်းလာမယ့်အရေးကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
Ref:The Telegraph