ကျောက်တံခါး – ဇန်နဝါရီ ၂၄
ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ် မင်းလှ-စိန်ကန့်လန့်လမ်းမှာ ပဲခူးခရိုင် PDF ၃၇၀၁ တပ်ရင်း တပ်ခွဲ ၅ ( Dike-U Defence Force) က နယ်မြေစိုးမိုးရေး ရှောင်တခင်စစ်ဆေးချိန်မှာ စစ်ကောင် စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပဲခူး PDF က ထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး စစ်ဆေးမှုတွေလုပ်နေစဉ် ၁၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီ စစ်ကား ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ တာပါ။
ထိတွေ့တိုက်ပွဲမှာ ၁ နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ ပဲခူး PDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အား ၂၀ လောက်နဲ့ တော်လှန်ရေးတပ်တွေကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပေ မယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြိုတင်ပြင်ဆင်ထားမှုနဲ့ ပစ်ခတ်မှုတွေကြောင့် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေကို ကားပေါ်ဆွဲတင်ကာ တောင်ငူဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ ကြ တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး တာရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုထားပြီး တော်လှန်ရေးတပ်တွေဘက်က ထိခိုက် ကျဆုံးမရှိဘူးလို့လည်း အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပဲခူး – PDF