January 21, 2024

တပ်ချုပ်နေရာ အစားထိုးလိုက်ရင် စစ်တပ်ရဲ့ရှုံးပွဲကို ကာကွယ်နိုင်မှာလား

နေပြည်တော် ၊ ဇန်နဝါရီ ၂၁ တစ်ကျော့ပြန်အာဏာသိမ်းမှု သုံးနှစ်ပြည့်ခါနီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာမှာ လူ စားလဲဖို့ အမျိုးသားရေးတက်ကြွသူ ပေါက်ကိုယ်တော်လို့ လူသိများတဲ့ ဦးအရိယာဝံသနဲ့ တပ် ထောက်ခံသူတွေက ပထမဆုံး တောင်းဆိုလာကြပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ပေါက်ကိုယ်တော်ကနေ ဦးဆောင်ပြီး ကိုးကန့်အဖွဲ့ MNDAA စစ်သားတစ်ဦးက စေတီကိုတူနဲ့ထုတဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုမှာ…

တပ်တွင်းအသေအပျောက်များလာလို့ ပြည်သူ့စစ်ရရှိရေး စစ်ကောင်စီနည်းလမ်းမျိုးစုံသုံးလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၁ နိုင်ငံအနှံ့စစ်ရှုံးပြီး တပ်တွင်းအသေအပျောက်များလာတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးလာတာကြောင့် ဒေသတချို့မှာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအကြောင်းပြချက်နဲ့ ပြည်သူ့စစ်ရရှိရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းလာပါတယ်။ စစ်ကောင်စီဟာ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ ဖိအားပေးညွှန်ကြားတာတွေရှိတယ်လို့ ဒေသခံတွေနဲ့ သံ လွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းပေးတွေဆီက သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေဟာ လူဦးရေ…

ကျိုက်ထိုမှာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ ၂၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေ ဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါ တယ်။ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးဟာ မြေးဖြစ်သူကို ကျောင်းကြိုဖို့ နေအိမ်ကနေ ဆိုင်ကယ်ထွက်လာစဉ် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပစ်ခတ်ရှင်းလင်းခဲ့တာ…