ပေါင်းတည် – ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု မအူကွင်းရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ Sniper အဖွဲ့က စတင်ပစ်ခတ်ပြီးနောက် တပ်ခွဲအသီးသီးရဲ့ ရဲဘော်တွေက မိုင်း ၃ ကြိမ်ဆွဲပြီး တိုက်ခိုက် ခဲ့ကြတာပါ။ 

ပူးပေါင်းအဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီးနောက် တောင်ခမောက်ရွာထဲကို ဝင်ရောက်ထွက်ပြေးသွားခဲ့ တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ တောင်ခမောက်ရွာထဲရောက်ရှိပြီးနောက် ညနေ ၅ နာရီခွဲမှာ ရွာထဲက ပြည်သူတွေရဲ့ နေအိမ် ၇၂ လုံး၊စပါးကျီ ၃ လုံးနဲ့ ပညာရေးဝန်ထမ်းအဆာင် ၁လုံး ကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပဲခူး PDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံ ၃၀၀ နီးပါးဟာ အိုးအိမ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပဲခူး PDF(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ တောင်ခမောက်ရွာက ဒေသခံတွေရဲ့ နေအိမ်များ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.