မော်လမြိုင်၊ ဇန်နဝါရီ ၁၉

တရတ်ကြားဝင်စေ့စပ်မှုအရ ရရှိထားတဲ့”ဟိုင်ဂင် သဘောတူညီမှု”ကို လိုက်နာခဲ့တဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေကို အကောင်အထည် မဖော်ဘဲ ထားရှိခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက သတ်မှတ်ထားတဲ့အတိုင်း မြို့သိမ်းတိုက်ပွဲတွေကို အကောင်အထည်ဖော်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖြစ်ပါက အမည်မဖော်ပြထားတဲ့ မြို့ကြီးတွေလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ လက်အောက် ကျရောက်နေခဲ့လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ညီနောင်မဟာသုံးဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့ပ်မှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲဖို့အပါအဝင် သဘောတူညီချက် ၃ ချက်နဲ့ နောက်ဆက်င်္တွဲ သဘောတူညီမှုတွေ ရရှိထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ “ဟိုင်ဂင် သဘောတူညီမှု”ကို မလိုက်နာဘဲ ဇန်နဝါရီ ၁၈ ရက်နေ့ တစ်ရက်တည်း တအာင်းတပ်မတော် TNLA ရှိရာ တပ်မဟာ (၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိစစ်ဆင်ရေးအရှိန်မှာ အနည်းငယ်ရပ်တန့်သွားတယ်လို့ ထင်ရပေမယ့် မပြောင်းလဲတဲ့ ကိန်းသေအလျင်နှုန်းဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီး ဆက်လက်ရွေ့လျားလျက်ရှိပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားတဲ့ ဘုံရည်မှန်းချက်တွေအတွက် ပုံမှန်အလုပ်လုပ်လျက်ရှိတယ်လို့ ညီနောင်မဟာသုံးဖွဲ့က အသိပေးထားပါတယ်။

ညီနောင်မဟာသုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် မြိုပေါင်း ၁၆ မြို့ထက်မနည်း၊ စစ်ကောင်စီတပ်စခန်းအကြီးအငယ် ရာနဲ့ချီ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.