ကျောက်ကြီး၊ ဇန်နဝါရီ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အနန်းဘော် ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ အနန်းဘော်ကျေးရွာထဲ ဝင် ရောက်လာပြီး ဒေသခံတွေဖြစ်တဲ့ မောင်ဇော်မင်းသိန်း၊မောင်ဖိုးဇော်အပါအဝင် အရပ်သားပြည်သူ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အနန်းဘော်ကျေးရွာက ဒေသခံပြည်သူလူထုတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ရွာအတွင်းထဲမှာ စစ်ကောင်စီတပ်သားတွေသာ ကျန်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီရဲ့ ရွှေဝါတပ်ရင်းကနေ အနန်းဘော်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဟာ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်လို့ KNU ရဲ့ ထုတ် ပြန်ချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန်က KNU ကျောက်ကြီးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ဖိုးတကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၅ ရက်နေ့ ည ၈ နာရီအချိန်မှာ ငဖယ်အင်းကျေးရွာထဲကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့သ လို နတ်သံကွင်းက စစ်ကောင်စီတပ်က ဖိုးတကျေးရွာထဲကို ၈၁ မမ လက်နက်ကြီး ၁ လုံး၊ ည ၉နာရီအချိန်မှာ ခလရ-၂၆၄ တပ်က အလယ်ကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်သွားခဲ့တယ်လို့ ပါရှိပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက် ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက် ကျူး လွန်မှုတွေကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.