January 19, 2024

အမေရိကန် တာဝေးပစ် ဒုံးကျည်အစင်း ၄၀၀ ဂျပန် ဝယ်ယူမယ်

တိုကျို၊ဇန်နဝါရီ ၂၀ ဂျပန်နိုင်ငံဟာ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေ ဝယ်ယူခွင့်ပြုတဲ့စာချုပ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ တာဝေးပစ်ဒုံးကျည်အစင်း ၄၀၀ ဝယ်ယူရေးအတွက် ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရမ် အမ်မြူရယ်တို့ဟာ တိုကျိုမှာ လက်မှတ်ရေးထိုးခဲ့တာပါ။ တရုတ်၊မြောက်ကိုရီးယားနဲ့ရုရှားတို့ရဲ့ အန္တရာယ်တွေအပါအဝင် ဒေသတွင်းအန္တရာယ်တွေကို တားဆီးဖို့နဲ့ သူတို့ရဲ့…

တော်ဝင်မိသားစုကို ဝေဖန်ခဲ့တဲ့ ထိုင်းနိုင်ငံသား ထောင်အနှစ် ၅၀ ချခံရ

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကိုဝေဖန်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံသားတစ်ဦးကို ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့တယ်လို့ တရားဥပဒေအခွင့်အရေးဆိုင်ရာအဖွဲ့တစ်ခုက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ချမှတ်ခဲ့တာဖြစ်ပြီး အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို အသုံးချမှု ပိုမိုများပြားလာခဲ့တာပါ။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မွန်ကိုးလ် သီရာကော့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ…

ပေါင်းတည်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိခဲ့

ပေါင်းတည် – ဇန်နဝါရီ ၁၉ ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု မအူကွင်းရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၃ ဦး သေဆုံး ၇ ဦးဒဏ်ရာရ

ဘီးလင်း၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တက်တူးကုန်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ ဇီးဝန်းအမြောက်တပ်ကနေ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အရပ်သားပြည်သူတွေ…

အပစ်ရပ်သဘောတူညီမှုကြောင့် မြို့တွေ ဆက်မသိမ်းတာလို့ ညီနောင်သုံးဖွဲ့ ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၉ တရတ်ကြားဝင်စေ့စပ်မှုအရ ရရှိထားတဲ့”ဟိုင်ဂင် သဘောတူညီမှု”ကို လိုက်နာခဲ့တဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေကို အကောင်အထည် မဖော်ဘဲ ထားရှိခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက သတ်မှတ်ထားတဲ့အတိုင်း မြို့သိမ်းတိုက်ပွဲတွေကို အကောင်အထည်ဖော်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖြစ်ပါက အမည်မဖော်ပြထားတဲ့ မြို့ကြီးတွေလည်း…

သထုံမှာ အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သထုံ၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး မှာ မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ အမျိုးသား တစ်ဦး ပစ်သတ်ခံလိုက်ရတယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကိုမျိုးမင်း+မမိလေး ကားလက်မှတ်အရောင်းဆိုင်ကို လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး ကားလက်မှတ်အရောင်း ကိုယ်စားလှယ် အသက်…

စစ်အာဏာသိမ်း (၁၀၈၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၉ AAPP ရဲ့ ဇန်နဝါရီ (၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၂) ရက်အတွင်း ပြည်သူ (၄၃၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရော်ဘာတန်ချိန်သုံးသိန်း ပြည်ပတင်ပို့မယ့် မျှော်မှန်းချက် လက်တွေ့မဖြစ်နိုင်

မော်လမြိုင် ၊ ဇန်နဝါရီ ၁၉ အခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ပကို ရော်ဘာတန်ချိန် သုံးသိန်းတင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောဆိုထားပေမယ့် လက်တွေ့မဖြစ်နိုင်ကြောင်း ရော်ဘာလုပ် ငန်းရှင်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ်ရော်ဘာတန်ချိန် လေးသိန်းနီးပါး ထွက်ရှိနေသလို ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အတွင်း ပြည် ပနိုင်ငံတွေထံ ရော်ဘာတန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့တာပါ။ အခုဘဏ္ဍာရေးနှစ်မှာတော့ ရော်ဘာတန်ချိန် သုံးသိန်း…

ထားဝယ်မြို့အနီး တိုက်ပွဲဖြစ်၊ ဒေသခံဆယ်နဲ့ချီဖမ်းဆီးခံရ

ထားဝယ်၊ ဇန်နဝါရီ ၁၉ တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံဆယ်နဲ့ချီ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကြောင်းလှုပ် ရှားနေတဲ့စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား အချိန်တစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပြီးနောက် မောင်မယ်ရှောင်ကျေးရွာထဲ…

သိမ်ဇရပ်မြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိနိုင်

သိမ်ဇရပ်၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သိမ်ဇရပ်မြို့ရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ Gods Of Death (G.O.D) မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့နဲ့Yangon Eagles ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး…