ဘီးလင်း၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုတွေကြောင့် ဘုရားစေတီတစ်ဆူ၊ ဘာသာရေးအဆောက်အဦးတစ်လုံးနဲ့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ်(၃) ခြေမြန်တပ်ရင်းကနေ ဝင်းတာ ပန်ကျေးရွာအနီးကို လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် သာလည်ထဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီ တစ်ဆူ လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့တာပါ။

ဒါ့အပြင် ဒီဇင်ဘာ ၂၆ ရက်နေ့နဲ့ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဝင်းတာပန်ကျေးရွာရှိ ဒေသခံနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ဝင်းတာပန်တပ်စခန်းကို ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDO နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက် ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာပါ။

တိုက်ပွဲကာလအတွင်း ဇန်နဝါရီ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဝင်းတာပန်တပ်စခန်း အတွက် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေလာချပေးတဲ့ အထုပ် ၅ ထုပ်ကို KNDO ပူးပေါင်းတပ်ဖွဲ့တွေက သိမ်း ဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အချိန်တစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေသလို KNDO ပူးပေါင်းတပ်ဖွဲ့ကလည်း စစ်ကောင်စီစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝင်းတာပန်စခန်းတိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ၁၅၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာမှုအကူအညီ လိုအပ်မှု မြင့်တက်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါ တယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.