ဝင်းက ၊ ဇန်နဝါရီ ၁၇
မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌကြီး နိုင်ထောမွန်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်း ထိုင်းစံတော်ချိန် ၇ နာရီလောက်က ထိုင်းနိုင်ငံ စံခလပူရီဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မွန်အသိုင်းအ ဝိုင်းကနေ သိရပါတယ်။
နိုင်ထောမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီး ဇနီး ၊ သမီးတစ်ဦးနဲ့ သားနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
မုဒုံမြို့နယ်၊ ကမာဝက်မြို့ ဇာတိဖြစ်တဲ့ နိုင်ထောမွန်ဟာ မူလတန်းကနေ အထက်တန်းအထိ ကမာဝက်မှာ ပညာ သင်ကြားခဲ့ပြီး ၁၀ တန်းကိုတော့ မုဒုံမြို့နယ် အမှတ် ၁ အထက်တန်းကျောင်းမှာ အောင်မြင်ခဲ့သူပါ။
နိုင်ထောမွန်က ၁၉၆၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီထံ ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေးတပ်သားအဆင့်ကနေ တာ ဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ရာ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့တာပါ။
အဲဒီကနေတဆင့် ၂၀၀၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဌနဲ့ ဗဟိုစစ်ကော်မတီ ဥက္ကဌအဖြစ် နှစ်နှစ်တာ တာ ဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။
နိုင်ထောမွန် ပါတီဥက္ကဌဖြစ်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက် ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (NCA) မှာ မွန်ပြည်သစ်ပါတီက လက် မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၀ ကြိမ်မြောက် ညီလာခံမှာတော့ နိုင်ထောမွန်က ကျန်းမာရေးအရ ဂုဏ်ထူး ဆောင် ဥက္ကဌကြီးအဖြစ် တာဝန်ယူလွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌကြီး နိုင်ထောမွန် ကွယ်လွန်