ဘာလင်၊ ဇန်နဝါရီ ၁၇

ရုရှားက နေတိုးအဖွဲ့ရဲ့ ဘော်လ်တစ်နိုင်ငံတွေကို ဇူလိုင်လအစောဆုံး ကျူးကျော်တိုက်ခိုက်နိုင်တဲ့ အခြေအနေနဲ့အတူ နေတိုးနဲ့ရုရှားကြား စစ်ပွဲဖြစ်လာနိုင်တယ်လို့ ဂျာမန်စစ်တပ်ရဲ့ လျှို့ဝှက်စာတမ်းမှာ ဖော်ပြထားကြောင်း ဂျာမနီသတင်းစာ Bild မှာ ဖော်ပြပါတယ်။

နေတိုးအဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နိုင်ငံတွေကို ရုရှားက ဒီနှစ်ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်လာနိုင်တာကြောင့် ဂျာမနီစစ်တပ်က ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ဆိုထားပါတယ်။

အဲဒီစာရွက်စာတမ်းတွေမှာ နေတိုးနဲ့ ရုရှားကြား တင်းမာမှုတွေမြင့်တက်လာနိုင်တဲ့ အခြေအနေတွေကို အသေးစိတ်ဖော်ပြထားပြီး နေတိုးတပ်ဖွဲ့ဝင် ထောင်နဲ့ချီချထားဖို့ရှိသလို စစ်ပွဲဟာ ၂၀၂၅ နွေရာသီမှာ စတင်လာနိုင်ဖြစ်တယ်လို့ သိရပါတယ်။

ရုရှားဟာ နွေဦးရာသီမှာ ယူကရိန်းကို ထိုးစစ်ဆင်ပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီလအတွင်း အင်အားစုပြီး ဘော်လ်တစ်နိုင်ငံတွေကို တိုက်ခိုက်လာနိုင်တယ်လို့ သိရပါတယ်။

ပိုလန်အနီးကိုလည်း ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ ဒုံးကျည်တွေကို ပြောင်းရွှေ့မှာဖြစ်ပြီး အောက်တိုဘာလလောက်မှာ တင်းမာမှုတွေအမြင့်ဆုံးအခြေအနေကို ရောက်ရှိမှာဖြစ်တယ်လို့ ဂျာမန်စစ်တပ်က အသိပေးထားပါတယ်။

ဒါ့အပြင် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ တခြားတိုက်ခိုက်မှု ပုံစံတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

၂၀၂၄ ဒီဇင်ဘာလမှာ ပိုလန်နဲ့ လစ်သူယေးနီးယား နယ်စပ်တလျှောက် ပဋိပက္ခတွေဖြစ်ပွားပြီး မငြိမ်သက်မှုတွေနဲ့အတူ သေဆုံးမှု အများကြီးဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းစွယ်ကို သိမ်းပိုက်ခဲ့သလိုမျိုး ဘီဘာရုစ့်ရဲ့ အကူအညီနဲ့ နယ်မြေနောက်တစ်ခုကို သိမ်းပိုက်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့ သိရပါတယ်။

Ref: Kyiv Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.