မော်စကို၊ ဇန်နဝါရီ ၁၈

စစ်ပွဲလက်ရှိပုံစံအတိုင်းဆက်လက်ဖြစ်ပွားနေပါက ယူကရိန်းနိုင်ငံရဲ့ဖြစ်တည်မှုဟာ ပြန်ပြင်လို့မရတဲ့ ထိုးနှက်ချက်နဲ့ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်က ခြိမ်းခြောက်လိုက်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ တောင်းဆိုမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး အစည်းအဝေးတစ်ရပ် လက်ခံကျင်းပဖို့ ဆွစ်ဇာလန်က သဘောတူလိုက်ပြီးနောက် ပူတင်က အခုလိုပြောခဲ့တာပါ။

အနောက်တိုင်းနဲ့ ယူကရိန်းတို့ ဆွေးနွေးနေတဲ့ အစီအစဉ်တွေကို ပူတင်က ပယ်ချထားပြီး သူတို့ တောင်းဆိုဖို့ ပြင်ဆင်နေတဲ့အချက်တွေဟာ လိုက်လျောဖို့မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေဖြစ်တယ် လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ယူကရိန်းရဲ့ တန်ပြန်တိုက်စစ်မအောင်မြင်ဖြစ်နေတာ သိသာလာသလို ငြိမ်းချမ်းရေး အစီအစဉ်ကလည်း ရုရှားလက်ထဲမှာ ရှိနေတယ်ဆိုတာ ရှင်းလင်းနေတယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းနယ်မြေ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး စစ်ပွဲရဲ့ အလားအလာနဲ့ပတ်သက်ပြီး ပူတင်ရဲ့ ပြောဆိုမှုတွေဟာ ယုံကြည်မှုပိုများလာသလို ပိုမိုရန်လိုလာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို သူတို့ရဲ့ပိုင်နက်အဖြစ် အသိအမှတ်ပြုထားပြီး စွန့်လွှတ်ဖို့ ညှိနှိုင်းမှုတွေဟာ မဖြစ်နိုင်ဘူးလို့ ပူတင်က ပြောပါသေးတယ်။

ယူကရိန်းဘက်က တင်ပြထားတဲ့ ငြိမ်းချမ်းရေးဖော်မြူလာမှာ ယူကရိန်းရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာပြန်လည်ရရှိရေး၊တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေးနဲ့ ရုရှားတပ်တွေ ပြန်လည်ဆုတ်ခွာရေးအပါအဝင် တခြားအချက်တွေလည်းရှိနေပါတယ်။

ပူတင်ကတော့ ညှိနှိုင်းမယ်ဆိုပါက လက်တွေ့မြေပြင်မှာ မိမိတို့ တပ်ဖွဲ့တွေရဲ့ နယ်မြေသိမ်းယူ ထားနိုင်မှု လက်တွေ့အခြေအနေကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ သတိပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.