ဆားလင်းကြီး – ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် မုံရွာဘက်ကမ်းမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ကူးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝမ်ပေါက်ကတဆင့် ဆားလင်းကြီးမြို့ထဲကို ညအိပ် စခန်းချလာတဲ့ အတွက် ကျေးရွာ ၁၀ ရွာက ပြည်သူတွေထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ရောက်ရှိလာပြီးနောက် ပြည်သူတွေထွက်ပြေး တိမ်းရှောင်နေရ တာပါ။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်းမှ ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
အဲဒီလိုစစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ ထောင်နဲ့ချီထွက်ပြေး တိမ်းရှောင် နေတယ်လို့ သိရပါတယ်။
လက်နက်ကိုင်ခုခံစစ်အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေသလို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အောင်ခန့်ဇော် (ပုံအဟောင်း)