စစ်ပွဲဆက်ဖြစ်ရင် ယူကရိန်းနိုင်ငံ ဖြစ်တည်မှု အန္တရာယ်ရှိတယ်လို့ ပူတင် ခြိမ်းခြောက်
မော်စကို၊ ဇန်နဝါရီ ၁၈ စစ်ပွဲလက်ရှိပုံစံအတိုင်းဆက်လက်ဖြစ်ပွားနေပါက ယူကရိန်းနိုင်ငံရဲ့ဖြစ်တည်မှုဟာ ပြန်ပြင်လို့မရတဲ့ ထိုးနှက်ချက်နဲ့ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်က ခြိမ်းခြောက်လိုက်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ တောင်းဆိုမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး အစည်းအဝေးတစ်ရပ် လက်ခံကျင်းပဖို့ ဆွစ်ဇာလန်က သဘောတူလိုက်ပြီးနောက် ပူတင်က အခုလိုပြောခဲ့တာပါ။ အနောက်တိုင်းနဲ့ ယူကရိန်းတို့ ဆွေးနွေးနေတဲ့ အစီအစဉ်တွေကို ပူတင်က ပယ်ချထားပြီး သူတို့…