အိန္ဒိယတပ်တွေ မော်လ်ဒိုက်က ထွက်ခွာဖို့ တောင်းဆို
မာလေ၊ ဇန်နဝါရီ ၁၆ တရုတ်နိုင်ငံ ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ မော်လ်ဒိုက်သမ္မတက အိန္ဒိယတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ခေါ်ယူပေးဖို့ နယူးဒေလီအစိုးရအား တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ မော်လ်ဒိုက်အပေါ် အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးနိုင်လိမ့်မယ်လို့ မှတ်ယူထားခဲ့ပေမယ့် မော်လ်ဒိုက်ဟာသူတို့ရဲ့ အကြီးမားဆုံးနိုင်ငံခြားကြွေးရှင်ဖြစ်တဲ့ တရုတ်ဘက်ကို ပိုမိုချဉ်းကပ်မှုတွေပြုလုပ်နေတာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့က မော်လ်ဒိုက်မှာ…