January 14, 2024

ဘီလင်း ဝင်းတာပန်စခန်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ဘီးလင်း၊ ဇန်နဝါရီ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ဝင်းတာပန်စခန်းတိုက် ပွဲဟာ အချိန်တစ်လကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ KNU သထုံခရိုင်က သိရပါတယ်။ အင်အား ၆၀ ကျော် တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်စခန်းဖြစ်တဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့…

မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမယ်လို့ စစ်ခေါင်း‌ဆောင်နဲ့ ထိုင်းတပ်ချုပ်တို့ပြော

မြဝတီ၊ ဇန်နဝါရီ ၁၄ မြန်မာနိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အနီးက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee တို့ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းမှာ Video Conferencing နဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ တပ်မတော်နှစ်ရပ်အကြား…

မြန်မာကိုကူညီပေးဖို့ ဒေါ်လာသန်း ၉၀၀ ကျော် အရေးပေါ်လိုအပ်နေတယ်လို့ ကုလပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်မြင့်တက်လာတဲ့ မြန်မာနိုင်ငံကို ကူညီပေးဖို့ အမေရိကန်ဒေါ်လာ ၉၉၄ သန်း အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၂၄ ခုနှစ်မှာ နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်တဲ့ လူဦးရေ…

လောင်းလုံးဒေသခံရွာသားတစ်ဦးကို စစ်တပ်ပစ်ခတ်သတ်ဖြတ်

လောင်းလုံး၊ ဇန်နဝါရီ ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားမယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကျေးရွာထဲ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွက လိုက် လံပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အောက်ကျောက်ဝပ်ကျေးရွာသား…