မော်လမြိုင် – ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံမှာ အင်အားပမာဏအမျိုးမျိုး၊သစ္စာခံမှု၊လည်ပတ်မှုပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေတဲ့ အမျိုးသားရေးအစွန်းရောက်အုပ်စုဖြစ်တဲ့ ပျူစောထီးတွေကို အသေးစိတ်လေ့လာနိုင်ဖို့ အစွန်း ရောက်အမျိုးသားရေးအတွေးအခေါ်ကို လက်နက်တပ်ဆင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စာတမ်းထုတ်ဝေခဲ့ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတခုဖြစ်ပြီး ဒီစာတမ်းမှာ ပျူစောထီးရဲ့ သမိုင်း ကြောင်းနဲ့ ဖြစ်စဉ်တွေအပြင် ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ အခြေ အနေတွေကို ဖော်ပြပေးထားပါတယ်။
ခေတ်အဆက်ဆက်မှာ စစ်အုပ်စုက အမျိုးသားရေးအစွန်းရောက်တွေကို ကျောထောက်နောက်ခံ ပေးပြီး လက်တွေ့အကြမ်းဖက်မှုတွေကို လုပ်ဆောင်စေခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အမျိုးသားရေးအစွန်းရောက်တွေရဲ့ အခန်းကဏ္ဍ ဟာ ပိုမိုထင်ရှားလာသလို စစ်တပ်ထောက်ခံပွဲတွေ၊အစွန်းရောက်အမျိုးသားရေးကို အခြေခံတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ကျင်းပရာကနေ ဝါဒဖြန့်ချီရေး မီဒီယာတွေအဖြစ်လုပ်ဆောင်လာသလို နောက်ဆုံးမှာ သေနတ်ကိုင်ဆောင်ခြိမ်းခြောက်သတ်ဖြတ်တဲ့ အဆင့်ကိုရောက်ရှိလာတယ်လို့ ဆို ထားပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးအစွန်း ရောက်တွေဟာ တော်လှန်ရေးအင်အားစုတွေကိုသာမက မိသားစုဝင်တွေကိုပါ ပျူစောထီး ဆိုတဲ့ နာမည်အောက်က ခြိမ်းခြောက်သတ်ဖြတ်တာတွေလုပ်ဆေောင်လာတယ်လို့ စာတမ်းမှာဖော်ပြ ထားပါတယ်။
စစ်အုပ်စုကတော့ ပြည်သူ့စစ်ကလွဲပြီး တခြားအဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့ထားတာ မရှိဘူးလို့ တရားဝင်ငြင်းဆိုထားသလို အဲဒီအဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို တာဝန်မခံဘဲ ခေါင်း ရှောင်ထားတာပါ။
ပြည်သူ့စစ်ဆိုတာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး လက်အောက်ကနေ စစ်သင်တန်း၊လက်နက်၊ယူနီဖောင်းနဲ့ လစာရိက္ခာတွေ တရားဝင်ပေးပြီးဖွဲ့စည်းထားတာဖြစ်တယ် လို့ သိရပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစွန်းရောက်အမျိုးသားရေးအတွေးအခေါ်အား လက်နက် တပ်ဆင်ခြင်းဆိုတဲ့ စာတမ်းကို မြန်မာဘာသာဖြင့် –https://shorturl.at/eiqEV အင်္ဂလိပ်ဘာသာ ဖြင့် –https://shorturl.at/hxEQ4 နဲ့ ဖတ်ရှုနိုင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဉာဏ်လင်းသစ်သုတေသနအဖွဲ့