တိုင်ပေ၊ ဇန်နဝါရီ ၁၁

ထိုင်ဝမ်မှာ သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှုတွေရှိနေချိန်မှာ တရုတ်ရဲ့ ဂြိုလ်တုလွှတ်တင်မှုကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

သမ္မတလောင်း လိုင်ချင်းတီက တရုတ်ဟာ ထိုင်ဝမ်ရွေးကောက်ပွဲအပေါ် လွှမ်းမိုဖို့ ကြိုးပမ်း နေတယ်လို့ ဝေဖန်မှုတွေထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာပဲ အရေးပေါ်သတိပေးချက်ထွက် ပေါ်လာတာပါ။

 ထိုင်ဝမ်ရဲ့ ရွေးကောက်ပွဲရလဒ်က ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးလမ်းကြောင်းကို သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

နက္ခတ်တာရာဆိုင်ရာ အချက်အလက်တွေ စုဆောင်းမယ့် Einstein Probe စူးစမ်းရေးဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ တရုတ်ဘက်က ကြေညာခဲ့တဲ့ ဒေသစံတော်ချိန် နေ့လည် ၃ နာရီ ၁၅ မိနစ်မှာ ထိုင်ဝမ်အတွင်း အရေးပေါ်သတိပေးချက်တွေ ဆူခံခဲ့တာပါ။

တရုတ်ရဲ့ ဂြိုလ်တုဟာ ထိုင်ဝမ်တောင်ပိုင်း လေပိုင်နက်ပေါ်က ဖြတ်သန်းသွားခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘေးကင်းရေး သတိရှိကြဖို့ ထိုင်ဝမ်ရဲ့ တရုတ်ဘာသာနဲ့ထုတ်ပြန်တဲ့ အရေးပေါ်သတိပေးချက်မှာ ဖော်ပြထားပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန်တဲ့ သတိပေးချက်မှာတော့ လေကြောင်းစီးနင်းမှုအဖြစ်ဖော်ပြထားပြီး ဒုံးကျည်တစ်စင်း ထိုင်ဝမ်လေပိုက်ကို ဖြတ်သန်းသွားခဲ့တယ်လို့ဖော်ပြထားပေမယ့် အရာရှိတွေကတော့ ဘာသာပြန်အမှားကြောင့် အဲဒီလိုဖော်ပြခဲ့ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ထိုင်ဝမ်လေပိုင်နက်ကို ဖြတ်သန်းသွားတာဟာ ဒုံးကျည်မဟုတ်ဘဲ ဂြိုလ်တုတစ်လုံး ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက သတင်းထောက်တွေကို အတည်ပြုခဲ့ပြီး သတိပေးချက်ထုတ်ပြန်ခဲ့တာဟာ အပျက်အစီးတွေပြုတ်ကျလာနိုင်တာကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လာမယ့် သီတင်းပတ်ကုန်မှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲကို တရုတ်နဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

Ref:ABS-CBN News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.