ဘောလခဲ၊ ဇန်နဝါရီ ၉

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီရဲ့ ခရိုင်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ KNDF ဗဟိုက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ဘောလခဲခရိုင် ရဲစခန်းမှာ ရဲတပ်သား ၁ ဦးဟာ စစ်ကောင်စီရဲ့ အမိန့်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက် AK-22 သေနတ်တစ်လတ်နဲ့အတူ KNDF ထံ အလင်းဝင်လာခဲ့တာပါ။

စစ်ကောင်စီအားဆန့်ကျင်ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ ရဲတပ်သားကို KNDFက ဆုကြေးငွေပေးအပ်ပြီး လုံခြုံလွတ်လပ်တဲ့နေရာမှာ ထားရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ရဲတပ်သား၊ စစ်သားတွေအနေနဲ့ အခုလိုကာလမှာ လမ်းမှန်ပေါ်လျှောက်လှမ်းပြီး ပြည်သူလူထုနဲ့ ယုံကြည်စိတ်ချစွာ ပူးပေါင်းကြရန်နဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစိတ်ချမှုကိုလည်း အပြည့်အဝအာမခံတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ ၆ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.