ရန်ကုန်၊ ဇန်နဝါရီ ၉

နိုင်ငံကျော်တေးသံရှင် အဆိုတော်မာမာအေးဟာ ဒီနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီအချိန်ခန့်မှာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အဆိုတော် မာမာအေးကို ၁၉၄၁ (မြန်မာသက္ကရာဇ် ၁၃၀၄) ခုနှစ်မှာ မြောင်းမြမြို့ ရှမ်းကုန်းပိုင်းမှာ မွေးဖွားခဲ့ပြီး ဖခင်နှဲဆရာ ဦးအေးနဲ့ မိခင်ဒေါ်သန်းနှစ်(အဆို တော် မြောင်းမြသန်း) ဖြစ်ပြီး ငယ်နာမည်မှာ မအေးမြင့် ဖြစ်ပါတယ်။

အဆိုတော် မာမာအေးဟာ အသက် ၃ နှစ်ကျော်မှစပြီး “ခေတ်သစ် ရာဇဝင်ပြဇာတ်အဖွဲ့” မှာ သီချင်းဆို ပြဇာတ်ကခဲ့ပြီး အသက် ၈ နှစ်အရွယ်မှာ စတင်လွှင့်ခဲ့ပါတယ်။

သန်းသန်းမြင့် ကလောင်အမည်ဖြင့်လည်း တူရိယာအဖွဲ့ တွေမှာပါဝင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ “သက်တန့်ပေါ်မှာ ကစားမယ်” သီချင်းဖြင့် နိုင်ငံကျော် အဆိုတော်အဖြစ် လူသိများလာခဲ့ပါတယ်။

၁၉၅၆ ခုနှစ်မှစပြီး ၁၉၅၈ ခုနှစ်အထိ “လေးမာ” က လောင်အမည်ဖြင့် ကျောင်းပေါင်းစုံ ကဗျာရွတ်ပြိုင်ပွဲမှာ အလယ်တန်း ပထဆု ၃ နှစ်ဆက်တိုက် ရရှိပြီး တံခွန်စိုက်ဆု အပ်နှင်းခြင်းခံခဲ့ရသလို ကဗျာစာညွှန့်၊ သီချင်းတွေလည်း ရေးသားခဲ့ပါတယ်။

၁၉၆၁ ခုနှစ်မှစပြီး မြန်မာ့အသံရဲ့ အစီအစဉ် လက် ထောက်ထုတ်လွှင့်ရေးမှူး တာဝန်၊ မြန်မာနိုင်ငံရဲ့ ခေတ် ပေါ် တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်၊ ဂီတ ပဒေ သာ မဂ္ဂဇင်းကော်မတီဝင်လည်း ဖြစ်ပြီး “မြခြူသံ” ၊ “သူ့ကိုမှ ချစ်သည်” ၊ “မန်ဒါ လီ” စတဲ့ ရုပ်ရှင်ဇတ်ကားရဲ့ သ ရုပ်ဆောင်လည်း ဖြစ်ပါတယ်။

၁၉၇၁ နဲ့ ၁၉၇၆ ခုနှစ်တွေမှာ “တေးသံရှင် ဓာတ်ပြားထုတ် လုပ်ရေး” ကိုတည် ထောင်ခဲ့ပြီး “သိုးကလေးမေမေ” လုံး ချင်းဝတ္ထုကို ရေးသားခဲ့တဲ့အပြင် “အေး အဆိုလေ့ကျင့်ရေးကျောင်း” နဲ့ “မာမာအေး တေးဂီတလုပ်ငန်း” စတူဒီယို၊ ”အေး အသံသွင်းခန်း” စတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။

ဒါ့အပြင် အဆိုတော်မာမာအေးဟာ အမျိုးသား ဂီတပညာရှင်များ အဖွဲ့ချုပ်အတွင်း ရေးမှူး(၁)၊ မဟာဂီတ သီ ချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီအဖွဲ့ဝင်၊ စည်းဝါးသံကျ စီစစ်ရေးအဖွဲ့ အတွင်းရေးမှူးနဲ့ မဟာဂီတ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှစပြီး အမေရိကန်ပြည်ထောင်စုမှာ ခေတ္တနေထိုင်ပြီး ဂီတမှတ်တမ်းတွေ ရေးသားပြုစုခြင်း၊ ဆေးပညာသင်တန်းတွေကိုလည်း တက်ရောက် သင် ကြားတဲ့အပြင် အခြားနိုင်ငံတွေမှာလည်း မြန်မာ့ဂီတချစ်သူတွေကို သွားရောက် ဖျော်ဖြေခဲ့ပြီး လန်ဒန်အခြေစိုက် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ တေးသံရှင် ပြည်သူတွေအတွက် “ပြောပြစရာတွေလည်း တစ်ပုံကြီး ရှိသေးတယ်” ခေါင်း စဉ်ဖြင့် အသံလွှင့်ခဲ့ပါတယ်။

သူမဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၈၂နှစ်ရှိပြီလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.