ကျိုက်မရော၊ ဇန်နဝါရီ ၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာဒေသခံ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ပြီးနောက် ငွေကျပ်သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံလူငယ်တွေဖြစ်တဲ့ ကိုအေးထွန်းနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ တောင်ကလေးကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဆိုင်ကယ်နဲ့ ကျော်တက်မိခဲ့တဲ့အတွက် လိုက်လံဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် စစ်ကောင်စီယာဉ်တန်းဟာ လူငယ်နှစ်ဦးကို လိုက်လံဖမ်းဆီးပြီးနောက် ကျိုက်မရောမြို့မရဲစခန်းထံ ခေါ်ဆောင်သွားပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေ ကျုးလွန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးရိုက်နက်ခံရတဲ့ လူငယ်နှစ်ဦးရဲ့ မိသားစုဝင်တွေကို ငွေကျပ်သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့ပြီး ငွေကြေးမဆောင်ပါက အမှုဖွင့်အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့သေးကြောင်း မိ သားစုနဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လူငယ်နှစ်ဦးဟာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံတာရတာကြောင့် မျက်နှာ၊ ဦးခေါင်းနဲ့ကျောကုန်းတွေမှာ ပွန်းပဲ့ဖူးရောင် ဒဏ်ရာတွေရရှိခဲ့ပြီးနောက် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ် မယ်တရိုကျေးရွာနေ အသက် ၅၀ အ ရွယ် မွန်အမျိုးသားတစ်ဦးဟာ စစ်ဘေးရှောင်ရာကနေ နေအိမ်ပြန်လာကြည့်ချိန် စစ်ကောင်စီစစ် ကြောင်းနဲ့တိုးပြီး ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ရိုက်နှက်ညှဉ်းပန်းနှိပ်စက်သွားတဲ့ မွန်အမျိုးသားကို သေပြီအထင်နဲ့ ပစ် ထားခဲ့ရာမှ ဒေသခံတွေ ပြန်လည်တွေ့ရှိပြီးနောက် မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်ခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးထက်မနည်း သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.