2023

ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ ထိုင်းတရားရေးဝန်ကြီး ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၂၃ ထောင်ဒဏ် ၈ နှစ်အမိန့်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ ဖျားနာနေတဲ့အတွက် ရဲချုပ်ဆေးရုံမှာ ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ ထိုင်းတရားရေး ဝန်ကြီး ရဲမှူးကြီး တာဝီဆွတ်ဆောင်က ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းကို တည်ဆဲဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး အထူးကုသမှု တစ်စုံတစ်ရာ ရရှိထားတာ မရှိဘူးလို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းက…

မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးသင့်တယ်လို့ AI အဖွဲ့ပြော

ဘန်ကောက် ၊ ဒီဇင်ဘာ ၂၃ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နိုင်ငံအရှေ့မြောက်နဲ့ အနောက်ဘက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်မှုအပေါ် စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ရှမ်းမြောက်ဒေသကို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ရခိုင်ပြည်နယ်မှာလည်း…

ထားဝယ်အရှေ့တော ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

ထားဝယ်၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဟိန္နားသတ္တုတွင်းစောင့် စစ်ကောင် စီတပ်တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၅ ဦးထက်မနည်း လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ဟိန္နားသတ္တုတွင်းစောင့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ထားဝယ်စုပေါင်းစစ်ကြောင်းကနေ စနိုက်ပါနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး…

စစ်အာဏာသိမ်း (၁၀၅၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၆၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၂) AAPP ရဲ့ ဒီဇင်ဘာ(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၅၄) ရက်အတွင်း ပြည်သူ (၄၂၆၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၅၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မုန်းမြို့မဈေးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တာလို့ KNU ထုတ်ပြန်

မုန်း၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့ရှိ မြို့မဈေးကြီးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး မီးမရှို့မီဈေးအတွင်းရှိ ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU ဗဟိုက ဒီ ဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သားတွေဟာ မီးမရှို့ခင် ၅ ရက်လောက်အလိုကတည်း က မုန်းဈေးအတွင်းရှိ ဆိုင်တွေကိုဖောက်ထွင်းပြီး ဈေးပေါပေါနဲ့…

စစ်အာဏာရှင်ပြုတ်ကျရေး “ဝ”အဖွဲ့နဲ့ လက်တွဲလိုကြောင်း NUG ကမ်းလှမ်း

ပန်ဆန်း ၊ ဒီဇင်ဘာ ၂၂ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်လာရေးအတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရက ကမ်းလှမ်းလိုက်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်ခြင်း ၃၅ နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ပေးပို့တဲ့ သဝဏ် လွှာမှာ ဖော်ပြထားတာပါ။…

မြိုင်မြို့နယ် နှင်းဆီကန်ရွာ မီးရှို့ခံရ၊ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရ

မြိုင်၊ ဒီဇင်ဘာ ၂၂ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၄၀ ထက်မနည်း မီးလောင်ပျက်စီးထားပြီး ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မြိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်တပ်ကို မြိုင်ပကဖ အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ကြောင့် အထိနာသွားပြီးနောက် ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၈ နာရီဝန်းကျင်…

လောင်းလုံးပစ်ခတ်မှုအတွင်း အရပ်သား ၂ ဦး သေဆုံး ၈ ဦး ဒဏ်ရာရ

လောင်းလုံး၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သလို နှစ်ဖက်တပ်တွေဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီးမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းထောင်ဖို့ စောင့်ဆိုင်းနေတဲ့…

ပေါင်မြို့နယ်အခြေစိုက် ခမရ – ‌‌၁၀၂ က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦး လက်နက်နဲ့အတူ KNU ထံ အလင်းဝင်

ဒူးပလာယာ၊ ဒီဇင်ဘာ ၂၁ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ် မြေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းလာနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၅ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ တပ်မဟာ ၆ ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ဒီဇင် ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။…