December 2023

နတ်သံကွင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ခရစ်ယာန်နဲ့အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ ဝတ်ပြုဆုတောင်း

မော်လမြိုင် – ဒီဇင်ဘာ ၂၈ နတ်သံကွင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်သတ္တိ အတွက် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် တွေနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ဝတ်ပြုဆုတောင်းပေးခဲ့ကြတယ်လို့ ဒေါင်းမင်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ ရဲဘော် သတ္တိဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၁ ဒေါင်းမင်း စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်ရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျဆုံးခဲ့ တာပါ။ လက်ရှိအချိန်မှာတော့…

သံဖြူဇရပ်မြို့မှာ အသက် ၆၀ အရွယ် ဆိုင်ကယ်တက္ကဆီသမားတစ်ဦး လုယက်သတ်ဖြတ်ခံရ

သံဖြူဇရပ် – ဒီဇင်ဘာ ၂၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက အသက် ၆၀ အရွယ် ဆိုင်ကယ်တက္ကဆီသမားတစ်ဦးဟာ လုယက်သတ်ဖြတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အသက် ၆၀ အရွယ် ဆိုင်ကယ်တက္ကဆီမောင်းသူ အမျိုးသားတစ်ဦးဟာ သံဖြူဇရပ်မြို့၊ဖောင်စိန် ရပ်ကွက် မြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီးမှာ ဆိုင်ကယ်လုယက်သတ်ဖြတ်ခံခဲ့ရတာပါ။ ဓါးနဲ့ထိုးသွင်းဒဏ်ရာ အချက်…

ရှမ်းမြောက်ရှိ မြို့ ငါးမြို့အထိ TNLA အလုံးစုံသိမ်းပိုက်

နမ္မတူ ၊ ဒီဇင်ဘာ ၂၈ ညီနောက်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့်ပြီးချိန်မှာ ရှမ်းမြောက်ရှိ နမ့်ဆန်၊နမ့်ခမ်း၊မန်တုံ မိုင်းလုံးနဲ့ နမ္မတူမြို့ တို့ကို တအာင်းတပ်မတော် TNLA က အလုံးစုံသိမ်းပိုက်လာနိုင်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ နမ္မတူမြို့ကို တအာင်းတပ်မတော် TNLA က လေးရက်အတွင်း တိုက်ခိုက်ခဲ့ရာကနေ အခုချိန်မှာ ပူပူနွေးနွေး သိမ်းပိုက်ရရှိထားပြီး ရှမ်းမြောက်ရှိ…

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားနဲ့ ဆက် သွယ်မေးမြန်းချက်

“လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာမျိုးကိုတော့ အလွယ်တကူ မေ့ပျောက်လို့ရတဲ့ ကိစ္စရပ်မျိုးမဟုတ်ဘူး။ ဆက်လက်ကျူးလွန်နိုင်အောင် အခွင့်အရေး ပေးသလိုဖြစ်တယ်။ ဒါကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကျွန်တော်တို့က အဆုံးသတ်ဖို့လိုပါမယ်” ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က အသက်မပြည့် သေးတဲ့ ကလေးငယ်တွေ၊ အမျိူးသမီးတွေ၊ Save The Children ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူ…

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ် လုံးဝအယုံအကြည်မရှိတော့ဘူးလို့ KNU တုံ့ပြန်

မော်လမြိုင်၊ ဒီဇင်ဘာ ၂၈ ငြိမ်းချမ်းရေးအတွက် အမြဲဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် လုံးဝအယုံအ ကြည်မရှိတော့သလို စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်သာ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU က တုံ့ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၄ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ခရစ္စမတ်နေ့ ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးစကား…

လောင်းလုံမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

လောင်းလုံး၊ ဒီဇင်ဘာ ၂၈ တနင်္သာရီတိုင်း၊ လောင်းလုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နေ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အား စုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ လောင်းလုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။…

ရေးမြို့နယ်မှာ PDF သတင်းလိုက်လံစုံစမ်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ဖမ်ဆီးရမိ

ရေး၊ ဒီဇင်ဘာ ၂၈ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ကျောင်းရွာကျေးရွာအနီးဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုသတင်း လိုက်လံစုံစမ်းတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသိန်းငှက်အဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ အရပ်ဝတ်ဝတ်ပြီး ဆိုင်ကယ်တစ်စီးနဲ့ သတင်းလိုက်လံ စုံစမ်းနေတဲ့ စစ်ကောင်စီတပ်သား နိုင်လင်းကို ရေးသိန်းငှက်အဖွဲ့က ကျောင်းရွာလမ်းပိုင်းမှာ…

စစ်အာဏာသိမ်း (၁၀၆၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၆၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၈) AAPP ရဲ့ ဒီဇင်ဘာ(၂၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၀) ရက်အတွင်း ပြည်သူ (၄၂၆၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်ကောင်စီ အရေးမလှရှုံးနိမ့်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့် သမင်လည်ပြန်

လောက်ကိုင်၊ ဒီဇင်ဘာ ၂၈ အာဏာသိမ်းမှု သုံးနှစ်နီးပါးအကြာမှာ စစ်ကောင်စီကို မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေနဲ့ အရေးမလှအောင် ထိုးနှက်ခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးအရွေ့တစ်ခုအထိ ရောက်ရှိ လာခဲ့ပါတယ်။ မိမိတို့ ဒေသကို ထိန်းချုပ်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက် ဖျက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာနှောင်းပိုင်းမှာ စတင်ခဲ့တာ အခုဆိုရင် ၂…

မော်လမြိုင်မြို့မှာ လက်ကိုင်ဖုန်းတွေကို ပစ်မှတ်ထား စစ်ဆေးနေ

မော်လမြိုင်၊ ဒီဇင်ဘာ ၂၈ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာ ဒေသခံပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို ပစ်မှတ်ထား စစ်ဆေးနေပြီး ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာဒုတိယအပတ်ကစလို့ စစ်ကောင်စီရဲတပ်ဖွဲ့ တွေက မြို့ရဲ့ အဓိကကျတဲ့ နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ တိုးမြှင့်ထားတာ…