December 2023

တပ်ပြေးတွေ ပြန်လက်ခံနေရတဲ့အထိ စစ်တပ်အင်အားချိနဲ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၆ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ဆေးခွင့်ကျထားတဲ့သူတွေကိုပါ ပြန်လည်လက်ခံနေရတဲ့အထိ စစ်ကောင်စီတပ်က အင်အားချိနဲ့လာနေပါတယ်။ စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ်မှာတာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံသွားမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့…

နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းကြဖို့ စစ်ခေါင်းဆောင်လေသံစပစ်

နေပြည်တော်၊ ဒီဇင်ဘာ ၆ နိုင်ငံတဝန်းတိုက်ပွဲတွေအတွင်း အရေးမလှရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က လက်နက်ကိုင်တပ်ဖွဲ့ တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြဖို့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ထုတ်ပြောလာပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးနဲ့အတူ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မြို့ပေါင်း ၁၈ မြို့ထက်မနည်း လက်လွှတ်ထားရတာ၊ တပ်စခန်းရာနဲ့ချီ ဆုံးရှုံးရတာ၊ တပ်ရင်းအလိုက် လက်နက်ချအလင်းဝင်မှုတွေ…

ရတခစစ်ဌာနချုပ်ကို ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်မယ်လို့ မွန်ပြည်နယ်ပကဖပြော

မော်လမြိုင်၊ ဒီဇင်ဘာ ၆ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားတယ်လို့ ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒရုန်းဖျက်စနစ် အများအပြားတပ်ဆင်ထားတဲ့ မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက်ရှိ ရတခစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အခုလအတွင်း ဒုတိယအကြိမ် ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာပါ။…

KNU ရွှေကျင်မြို့နယ်မှာ လူဦးရေ ၃၀,၀၀၀ နီးပါး စစ်ရှောင်နေရ

ရွှေကျင်၊ ဒီဇင်ဘာ ၆ ကရင်အမျိူးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လအတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ…

ပလက်၀မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းကို AA သိမ်းပိုက်

ပလက်၀ ၊ ဒီဇင်ဘာ ၅ ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာစခန်းကုန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် (AA)က ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ရေးအရ အရေးပါတဲ့ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးတစ်ခုလုံးကို မနေ့ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့…

လွိုင်ကော်မြို့က စစ်ရှောင်သွားတဲ့ ဒေသခံတွေရဲ့ နေအိမ်ဖောက်ထွင်းခံရမှုရှိနေ

လွိုင်ကော် – ဒီဇင်ဘာ ၅ ကရင်နီပြည်နယ်၊လွိုင်ကော်မှာ မြို့သိမ်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရတာတွေရှိလာတဲ့အတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဖမ်းဆီးအရေးယူတာတွေရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့နောက်ပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်က မင်္ဂလာရပ်ကွက်နဲ့ နောင်ယား ရပ်ကွက်တွေက ပြည်သူပိုင်နေအိမ်တွေဆက်တိုက်ဖောက်ထွင်း ခံနေရတာပါ။ ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းခိုးယူသူတွေထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့…

အမျိုးသမီးတွေ ကလေးများများမွေးကြဖို့ မြောက်ကိုးရီးယားခေါင်းဆောင် တိုက်တွန်း

ဆိုးလ်၊ ဒီဇင်ဘာ ၆ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံရဲ့အာဏာကို ခိုင်မာအားကောင်းစေဖို့နဲ့ ပြည်တွင်းမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာမှု တားဆီးဖို့ အမျိုးသမီးတွေရဲ့တာဝန်သာ ဖြစ်တဲ့အတွက် ကလေးများများ ပိုမိုမွေးကြဖို့ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ လူဦးရေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ အလွန်ခက်ခဲပေမယ့် သူတို့ထုတ်ပြန်တဲ့ ကန့်သတ်ကိန်းဂဏန်းတွေအရ မြောက်ကိုရီးယားရဲ့ ကလေးမွေးဖွားနှုန်းဟာ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ဆက်တိုက်ကျဆင်းလာတယ်လို့ တောင်ကိုရီးယားအစိုးရက…

ဖိလစ်ပိုင်သမ္မတ မားကိုစ့် ကိုဗစ်ကူးစက်ခံထားရ

မနီလာ၊ ဒီဇင်ဘာ ၆ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးချက်တွေအရ သိရပေမယ့် အစည်းအဝေးတွေကို အွန်လိုင်းစနစ်နဲ့ ကျင်းပသွားမယ်လို့ သမ္မတရုံးက အသိပေး ထားပါတယ်။ မားကိုစ့်ဟာ ၅ ရက်ကြာ သီးသန့်နေထိုင်သွားမှာဖြစ်ပြီး ဘယ်လိုဗိုင်းရပ်စ်အမျိုးအစားကူးစက်ခံ ထားရတယ်ဆိုတာကိုတော့ သမ္မတရုံးက အတည်မပြုထားပါဘူး။ “သမ္မတဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်သွားမှာဖြစ်မှာပြီးတော့ ချိန်းဆိုထားတဲ့ အစည်းအဝေးတွေကို တယ်လီကွန်ဖရန့်ကတဆင့် ကျင်းပမှာဖြစ်ပါတယ်”လို့…