December 2023

ဆန်တွေကို ဈေးတင်မရောင်းဖို့ ဆန်စပါးအသင်းချုပ် သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၉ပြည်တွင်းမှာ ဆန်ဖူလုံမှုလုံလောက်တဲ့အပြင် ပိုလျှံမှုပါရှိတဲ့အတွက် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတွေကို လိုတာထက် တိုးမြှင့်ရောင်းချတာတွေ မလုပ်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင် ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဆန်စပါးတွေကို ဈေးအနိမ့်နဲ့ဝယ်ယူသိုလှောင်ပြီး ဈေးအမြင့်နဲ့ ပြန်လည်ရောင်းချဖို့ ဆန်စပါးဈေး ကွက်နဲ့ ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သူတွေကို အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းကာ စုံးစမ်းဖော်ထုတ်ပြီး ထိန်းကျောင်းဖို့…

တိုက်ပွဲတိုင်းကျဆုံးမှုကို ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပြီး စိတ်ဓာတ်ရေးရာ မြှင့်တင်ဖို့ စစ်ကောင်စီကြိုးပမ်းစစ်ကောင်စီတပ်ရဲ့ ကျဆုံးမှုကို စိတ်ဓာတ်ရေးရာအရ မမြှင့်တင်နိုင်တော့ဘူးလို့ အကဲခတ်တွေပြော

နေပြည်တော်၊ ဒီဇင်ဘာ ၉တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းစွမ်းတမံ ထမ်းဆောင်မှုအပေါ် စစ်ကောင်စီက ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပေမယ့် နိုင်ငံတဝန်းရှိမြို့တွေ တပ်စခန်းတွေ ဆက်တိုက်အသိမ်းခံနေရတဲ့ ကျဆုံးမှုကို စိတ်ဓာတ်ရေးရာအရ မမြှင့်တင်နိုင်ဘူးလို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် အရေးမလှဖြစ်လာနေတဲ့ စစ်‌ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လူပုဂ္ဂိုလ် ၁၅၀ နီးပါးကို ဒီဇင်ဘာ ၇ ရက်နေ့ မှာ…

ကျွန်းစုတိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရ

ကျွန်းစု၊ ဒီဇင်ဘာ ၉ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာမှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသ ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မင်းဂုတ်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေ တပ်စွဲထားတဲ့ တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့်…

မော်လမြိုင်နဲ့သထုံထောင်မှာ ထောင်ကျနေတဲ့ စစ်သား ၄၀ နီးပါး စစ်တပ်ထဲ ပြန်ခေါ်

မော်လမြိုင်၊ ဒီဇင်ဘာ ၉ မွန်ပြည်နယ်ရှိ မော်လမြိုင်အချုပ်ထောင်နဲ့ သထုံအကျဉ်းထောင်တို့မှာ ထောင်ကျနေတဲ့ စစ်သား ၄၀ နီးပါးကို စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း အရေးမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်သားလိုအပ်ချက်အ တွက် ထောင်ကျနေတဲ့ စစ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး စစ်တပ်မှာ ပြန်လည်တာဝန်ထမ်းဖို့ လာရောက်ခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။ စစ်တပ်ကလာခေါ်သွားတဲ့ ထောင်ကျစစ်သားတွေထဲမှာ…

ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံအပါအဝင် ၁၃ နိုင်ငံ သဘောတူ

တိုကျို၊ ဒီဇင်ဘာ ၉ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုနဲ့ အမေရိကန် အတိုးနှုန်းတွေ မြင့်တက်လာတာ၊ မသေချာမရေရာမှုတွေ မြင့်တက်နေတဲ့ကြား ဒေသတွင်း အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ဖို့ ချေးငွေအထောက်အပံ့သစ်တစ်ခု ထူထောင်ဖို့ အာဆီယံအပါအဝင် ၁၃ နိုင်ငံ သဘောတူညီခဲ့ပါတယ်။ ဒေသတွင်းဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဆီယံအပြင် ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ လက်ထောက်အရာရှိတို့က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ လျင်မြန်လွန်းတဲ့ ငွေကြေးထောက်ပံ့မှုလို့ အမည်ပေးထားတဲ့…

တရုတ် ပြည်နှင်ဒဏ်ပေးလိုက်တဲ့ မြောက်ကိုရီးယားနိုင်ငံသား ရာနဲ့ချီပျောက်ဆုံးနေ

ပေကျင်း၊ ဒီဇင်ဘာ ၉ ထွက်ပြေးခိုလှုံလာတဲ့ မြောက်ကိုးရီးယားနိုင်ငံသားတွေကို ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း တရုတ်ဘက်က ပြောဆိုခဲ့ပေမယ့် အဲဒီထဲက လူပေါင်း ၆၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ တောင်ကိုရီးယားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေဟာ တရုတ်ရဲ့ သီးခြားပြည်နယ်မှာ ထောင်သွင်းအကျဉ်းချခံရတာ၊ညှဉ်းပန်းနှိပ်စက် ခံရတာ၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပြင် သေဒဏ်ပေးခံရတာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်း အဲဒီအဖွဲ့က သတိပေးထားပါတယ်။ တောင်ကိုရီးယား တရားမျှတစွာအသွင်ကူးပြောင်းရေးဆိုင်ရာ အလုပ်အဖွဲ့(TJWG)ရဲ့…

ရဲတပ်ဖွဲ့အပြောင်းအလဲ ဝေဖန်မှုကြောင့် လွှတ်တော်နှစ်ရပ်ရဲ့ ဆင့်ခေါ်မှုကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို

ဘန်ကောက်၊ဒီဇင်ဘာ ၉ ထိုင်းနိုင်ငံမှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့အပြောင်းအလဲအပေါ် သဘောမတွေ့ကြောင်း ပြောဆိုခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်က ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ဒုဝန်ကြီးချုပ် ဆွမ်ဆက်ထေ့ဖ်ဆူတင်သာ လာရောက်ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။ ရဲရေးရာ ထိုင်းအောက်လွှတ်တော်နဲ့ လုံခြုံရေး၊နယ်စပ်ရေးရာ အမျိုးသားရေးမဟာဗျူဟာနဲ့ အမျိုးသားရေး ပြုပြင်ပြောင်းလဲရေး အောက်လွှတ်တော်အဖွဲ့ဝင်တွေဟာ ရဲစခန်းမှူးအသစ် ခန့်အပ်တွေမှုကို မှတ်ချက်ပေး ဝေဖန်ခဲ့တဲ့အတွက် သက်သေခံဖို့ ဝန်ကြီးချုပ် မစ္စတာဆာရီထာကို…

CDM ဗိုလ်ကြီး ကောင်းသူဝင်း နဲ့ ဆက်သွယ်မေးမြန်းချက်

“ခွင့်မဲ့ပျက်ကွက်နေတဲ့ စစ်သည်တွေက ပြန်ပြီးစစ်တပ်ကို တာဝန်ထမ်းဆောင်ဖို့ ဆိုတာ မရှိဘူး။ ရှေ့တန်းမှာ ကြုံခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှုဒုက္ခအမျိုးမျိုးကို သူတို့ခံစားပြီးသွားပြီ။ စစ်တပ်ထဲပြန်ဝင်ပြီးတော့ ဒုက္ခတွေကို ခံစားမယ့်အနေအထားမျိုးမရှိဘူး” စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လည်လက်ခံသွားမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ ဒီဇင်ဘာ…