နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းနီးပါးအထိတိုးလာ
ကိုးကန့်၊ ဒီဇင်ဘာ ၁၉ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့အတူ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၂ ဒဿမ ၆ သန်းကျော်အထိ တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar က ထုတ်ပြန်ပါတယ်။ ယူအန်အိုချာမြန်မာရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သန်းနီးပါးရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်…