December 2023

ကော့သောင်းမြို့မှာ စစ်တပ်အားပေးတွေကို နေ့စားခပေးပြီး လုံခြုံရေးအတွက်အသုံးပြုနေ

ကော့သောင်း၊ ဒီဇင်ဘာ ၁၅ တနင်္သာရီတိုင်ဒေသကြီး၊ ကော့သောင်းမြို့ထဲမှာ စစ်ကောင်စီအဖွဲ့တွေနဲ့အတူ လုံခြုံရေးဆောင်ရွက်ဖို့ စစ်တပ်အားပေးသူတွေကို နေ့စားခပေးပြီး လုံခြုံရေးအတွက် အသုံးပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာပထမအပတ်ကစပြီး စစ်မှုထမ်းဟောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေ၊ ပျူစောထီးတွေနဲ့စစ်တပ်ထောက်ခံသူတွေကို တစ်ရက်လျှင် ကျပ် ၃၀၀၀၀ ပေးပြီး လုံခြုံရေးစောင့်ဖို့ ခေါ်ယူထားတယ်လို့ ဆိုပါတယ်။ လုံခြုံရေးအတွက် နေ့စားပေးခေါ်ယူရာမှာ စစ်ကောင်စီဟာ ရပ်ကွက်တစ်ခုလျှင်…

NUG ဒုကာဝန်နဲ့ ရေးမြို့နယ်တောင်ပိုင်း မဟာမိတ်တပ်တို့ စစ်ဆင်ရေးကိစ္စ ဦးစားပေးဆွေးနွေး

ရေး၊ ဒီဇင်ဘာ ၁၅ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးနိုင်ကောင်းရွက်နဲ့ ရေးမြို့ နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့ တွေ့ဆုံမှုမှာ စစ်ဆင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့က ထုတ်ပြောလာပါတယ်။ နိုင်ကောင်းရွက်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တောင်ပိုင်းတိုင်းစစ်ဒေသ တာဝန်ရှိသူတွေ၊ မွန်ပြည်တော်လှန် ရေးတပ် – MSRF၊ ဒေါနစစ်ကြောင်း ၊ ABSDF တပ်ရင်း –…

လျှပ်စစ်မီတာခတိုးကောက်မယ်လို့ ထိုင်းအစိုးရအသိပေး

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ထိုင်းအစိုးရအဖွဲ့က လာမယ့်ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မတ်လအကုန်ပိုင်းထိ ဒီဇယ်နဲ့ အိမ်သုံး ဂတ်စ်လက်လီဈေးနှုန်းတွေကို ထိန်းချုပ်ပြီး လျှပ်စစ်မီတာဈေးနှုန်းကို တစ်ယူနစ် ၃ ဒသမ ၉၉ ဘတ်ကနေ ၄ ဒသမ ၂၀ ဘတ်အထိ တိုးမြှင့်မယ်လို့ အသိပေးခဲ့ပါတယ်။ ဒီဇယ်နဲ့ အိမ်သုံးဓာတ်ငွေ့ဈေးနှုန်းကို ထိန်းချုပ်ထားတာဟာ လူနေမှုစရိတ်သက်သာစေဖို့နဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြီး…

ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်း

မြဝတီ၊ ဒီဇင်ဘာ ၁၅ နိုင်ငံခြားငွေကြေး လိုအပ်ချက်အမြောက်အများရှိနေတဲ့ စစ်ကောင်စီဟာ ပြည်ပရောက်မြန်မာအ လုပ်သမားတွေရရှိတဲ့ လစာဝင်ငွေကနေ ဝင်ငွေခွန်စတင်ကောက်ဖို့ ပြီးခဲ့တဲ့သီတင်းအပတ်ကစလို့ ဆက်တိုက်ကြိုးပမ်းလာနေပါတယ်။ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်္ကာပူနိုင်ငံနဲ့ ကိုရီးယားနိုင်ငံသံရုံးတွေဟာ အခုရက်ပိုင်းအတွင်း ပြည်ပရောက်နိုင်ငံသားတွေ အခွန်ဆောင်ကြဖို့ အသီးသီးထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရရှိတဲ့ လစာဝင်ငွေအပေါ် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ဝင်…

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာကို စစ်ကောင်စီတပ် ဓားပြတိုက်

လောင်းလုံး၊ ဒီဇင်ဘာ ၁၅ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ဓားပြဝင်တိုက်သွားပြီး ပြည်သူပိုင် ကျပ်သိန်း ၅၀၀ ကျော် တန်းဖိုရှိ ရွှေ၊ငွေနဲ့ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လောင်းလုံးမြို့မရဲစခန်းက ထွက်လာတဲ့ တပ်နဲ့ရဲအင်အား ၅၀ ပါ…

KNU သထုံခရိုင်ထဲ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

သထုံ၊ ဒီဇင်ဘာ ၁၅ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင် စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေ ဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီရဲ့ အမှတ်(၃၁၄) အမြောက်တပ်ကနေ KNU သထုံခရိုင်အတွင်းရှိ ကျေးရွာတွေဖြစ်တဲ့ ရွှေရောင်ပြ၊ပန်းအောင်ကုန်းနဲ့…

သံဖြူဇရပ်မြို့နယ်ထွေအုပ် ဒုဦးစီးမှူးတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

သံဖြူဇရပ် – ဒီဇင်ဘာ ၁၉ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရဲ့ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုဟာ ဌာနတွင်းသတင်းတွေကို PDF တွေထံ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်မှာ နေထိုင်တဲ့ ဒုဦးစီးမှူး ဦးအောင်ကိုကို ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီနောက်…

သရက်ချောင်းမှာ ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ PDF ထံ အလင်းဝင်

သရက်ချောင်း၊ ဒီဇင်ဘာ ၂၀ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းက ရဲတပ်သားတစ်ဦးဟာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ရဲတပ်သား ဆိုင်းလျန်းဟာ သေနတ်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သွားရောက်ကြိုဆိုခဲ့တာပါ။ “သူဘက်ကနေ ကျွန်တော်တို့ထံ အလင်းဝင်ချင်တယ်ဆိုပြီး ဆက်သွယ်လာလို့…