December 2023

မွန်ပြည်နယ်မှာ PDF တွေနဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီတပ် ပိုက်စိပ်တိုက်ဖမ်းဆီး

မော်လမြိုင်၊ ဒီဇင်ဘာ ၂၁ မွန်ပြည်နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်နေသူတွေကို စစ်ကောင်စီတပ်ကနေ အကြောင်းအမျိုးမျိုးပြပြီး ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်နေ့မှာ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ပကဖ ဦးမြသန်းအား ပစ္စတိုသေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးရမိပြီးနောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF…

သထုံမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံး

သထုံ၊ ဒီဇင်ဘာ ၂၁ မွန်ပြည်နယ်၊ သထုံမြို့နယ် ကျုံမိန်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် စစ်ကောင်စီ အမှတ်(၂၄) ခြေမြန် တပ်ရင်းနဲ့ အမှတ်(၄၀၂) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ…

ထားဝယ်ဘုရားမဲစစ်ဆေးရေးဂိတ် အလစ်ငိုက်တိုက်ခံရ ၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ထားဝယ်၊ ဒီဇင်ဘာ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် အလစ်ငိုက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊…

မွန်ပြည်နယ်က နေလှန်းဆားကွင်းတချို့ လုပ်ငန်းရပ်နား

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ မွန်ပြည်နယ်မှာ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ ဝယ်ယူရခက်ခဲနေတာ၊ ဆားကြမ်းဈေးနှုန်း ကျဆင်းလာတာကြောင့် နေလှန်းဆားကွင်းတချို့ လုပ်ငန်းရပ်နားထားတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆားကြမ်းဈေးနှုန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဆားသစ်အပေါ် ကာလအတွင်း တစ်ပိဿာကို ကျပ် ၂၅၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်ပိဿာကို ကျပ် ၁၅၀ အထိ ဈေး…

လေယာဉ်တွေကို စွမ်းအားပြည့်အသုံးပြုနေရတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ အောက်တိုဘာအတွင်း ရှမ်းမြောက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ အခြားဒေသတွေမျာ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေမှာ လေယာဉ်တွေကို စွမ်းအားပြည့်သုံးပြီး တိုက်ပွဲအောင်နိုင်ရေး သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ လေတပ်ဖွဲ့စည်းမှု ၇၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် လေယာဉ်တွေ တပ်တော်ဝင်အခမ်း အနားကို ဒီဇင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ လေတပ်စခန်းမှာ ပြုလုပ်ရာ စစ်ခေါင်းဆောင်…

ဖမ်းဆီးထားတဲ့ ကုန်ပစ္စည်းတွေကို အမြန်ဆုံးလေလံတင်ရောင်းချဖို့ စစ်ကောင်စီ ဖိအားပေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ဘဏ္ဍာငွေလိုအပ်ချက် ကြီးမားနေတဲ့ စစ်ကောင်စီက ဖမ်းဆီးရမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချကြဖို့ သက်ဆိုင်ရာဌာနတွေကို ဖိအားပေးလာတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအ ဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖိအားပေးပြောဆိုခဲ့ပါတယ်။ ဒုတိယစစ်ခေါင်းဆောင်က ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတွေကို ထုခွဲရောင်းချပြီး…

မောရဝတီ ရေတပ်စခန်းဌာနချုပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

ရေဖြူ၊ ဒီဇင်ဘာ ၁၇ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန် ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒရုန်းဖျက်စနစ် အများအပြားတပ်ဆင်ထားတဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး၃ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။…

စစ်တပ်ဖမ်းထားတဲ့ သံဖြူဇရပ်ဒေသခံနှစ်ဦး စစ်ကြောရေးမှာသေဆုံး

သံဖြူဇရပ်၊ ဒီဇင်ဘာ ၁၇ မွန်ပြည်နယ် သံဖြူဇရပ်မြို့အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံနှစ်ဦးဟာ ရိုက်နက်နှိပ်စက်ခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေအပြင် စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ အောင်ဇေယျတိုးချဲ့ရပ်ကွက်နေ ဦးမြသန်းကို ပစ္စတိုသေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးရပြီးနောက် ဒေသခံ ၅၀ ထက်မနည်း ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။ အဲဒီထဲက…