ပေါက် – ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီးကျေးရွာက စစ်ကောင်စီဩဇာခံ ပျူစောထီး တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလငးဝင်ရောက်လာတယ်လို့ မြိုင် ပကဖက သတင်းထုတ်ပြန် ထားပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ စစ်ရေးအသာစီးရမှုတွေကို မြင်တွေ့လာရတာကြောင့် အလင်းဝင်ရောက်လာတာဖြစ်တယ် လို့ ဆိုထားပါတယ်။

“စကစတပ်သားတွေရဲ့ နှိပ်စက်တာ၊ ပျူစောထီး ခေါင်းဆောင်တွေရဲ့ အနိုင်ကျင့်တာတွေ​၊ PDFတပ်ဖွဲ့တွေရဲ့ စစ်ရေးအသားစီးရတာတွေကိုမြင်လာတာကြောင့်ရယ် ပြည်သူကို နှိပ်စက် နေရပြီး ပြည်သူနဲ့တဖက်စီနေရတာကို ရှက်လာတာကြောင့်ရယ် အလင်းဝင်လာတာပါ။” လို့မြိုင်ပကဖ က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာသူကို ကျင့်ဝတ်နဲ့အညီ စောင့်ရှောက်ထားပြီး နောက်ထပ် အလင်းဝင် ရောက်လာမယ့် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အသက်အာမခံ ချက်ပေးပြီး စားဝတ်နေရေးကူညီသွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အလင်းဝင်လာတဲ့ ပျူစောထီးဖြစ်သူ ငြိမ်းဇော်မင်းနဲ့အတူ ၅.၅၆ ကျည် ၆၇ တောင့်၊ကာဘိုင် ကျည် အတောင့် ၃၀ ၊AK ကျည် ၁တောင့်၊ G-3 ကျည် ၂ တောင့်၊ ၄.၈ ကျည် ၁၆ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံးယူဆောင်လာတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလအတွင်း ဂန့်ဂေါမြို့နယ်မှာ ရှိတဲ့ ပျူစောထီးကျေးရွာတွေက ထွက်ပြေးလာသူတွေ ထဲမှာ စစ်တပ်ဩဇာခံ လက်နက်ကိုင် ပျူစောထီး ၁၀ ဦးဝန်းကျင်ပါဝင်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေတဲ့ ပျူစောထီးတွေဟာ မကွေးတိုင်းက လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့နေရာ တွေမှာ စခန်းစွန့်ခွာထွက်ပြေးတိမ်းရှောင်တာတွေရှိပေမယ့် တော်လှန်ရေး အားမကောင်းတဲ့ နေရာတွေက ပြည်သူတွေကိုတော့ အနိုင်ကျင့်နှိပ်စက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.