နယူးဒေလီ၊ ဒီဇင်ဘာလ ၂၂
အိန္ဒိယနိုင်ငံရဲ့ အခါးသက်ဆုံးနဲ့ သဘောထားကွဲလွဲမှုအဖြစ်ဆုံး ဘာသာရေးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ဟိန္ဒူဘာသာရေးဆုတောင်းသူတွေရဲ့ ဗာရာနာဆီမြို့ မှာ ဗလီတည်ရှိမှု ခွင့်ပြုပေးနိုင်ခြင်း ရှိမရှိ ကို အိန္ဒိယတရားရုံးတော်က ဆုံးဖြတ်ချက် ချမှတ်တော့မယ်လို့ သိရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဂျန်ဗာပီဗလီဟာ မဂိုအင်ပါယာဖြစ်ပေါ်ခဲ့တဲ့ ၁၇ ရာစုအတွင်း ဆောက်လုပ်ခဲ့ပြီး နိုင်ငံတဝှမ်းက ဟိန္ဒူဘာသာဝင်တွေရဲ့ ဂင်္ဂါမြစ်ကမ်းအနီး သဂြိုဟ်အခမ်းအနားတွေ ကျင်းပတဲ့မြို့တော်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီနေရာဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ပါတီက ကျောထောက်နောက်ခံပြုထားတဲ့ ဟိန္ဒူတက်ကြွလှုပ်ရှားသူတွေရဲ့ ဝတ်ပြုရာနေရာတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
အလ္လဟာဘဒ် တရားရုံးဟာ ဂျန်ဗာပီဗလီဟာက တင်သွင်းထားတဲ့ အသနားခံလွှာတွေကို သုံးသပ်ဖို့ အောက်ရုံးတော်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ညွှန်ကြားထားခဲ့တာပါ။
သမိုင်းသုတေသီတွေရဲ့ ပြောဆိုချက်အရ အဲဒီဗလီဟာ ဟိန္ဒူနတ်ဘုရား Shiva ကျောင်းပြိုကျ ပျက်စီးတဲ့နေရာပေါ်မှာ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဆုံးဖြတ်ချက်ကြောင့်ပဲ ဂျန်ဗာပီ ဗလီတည်ရှိရာ နေရာကို ဆုတောင်းထားဖို့နဲ့ မြေအောက်မှာရှိတဲ့ ဘုရားကျောင်း ပြန်လည်တူးဖော်ဖို့ ဟိန္ဒူဘာသာဝင်တွေရဲ့ တောင်းဆိုချက်ကို အရပ်ဘက်တရားရုံးမှာ တရားစွဲဆိုခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။
တရားစီရင်ရေးမှူး ရိုဟစ်ရာဂျန်အဂါဝေါ်လက ဒီအငြင်းပွားမှုကို နိုင်ငံတော်ရဲ့ အရေးပါမှုအဖြစ် ဖော်ပြပြီး ဗလီတည်ရှိရာနေရာကို ၆ လအတွင်း စီရင်ဆုံးဖြတ်ဖို့ အောက်တရားရုံးကို အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
“ဒီပြဿနာဟာ ပါတီ ၂ ခုအကြား ပြဿနာမဟုတ်ဘဲ နိုင်ငံရဲ့ အဓိက လူမှုအသိုက်အဝန်း ၂ ခု အပေါ် သက်ရောက်တဲ့ ပြဿနာဖြစ်တယ်”လို့ တရားစီရင်ရေးမှူးက ဒေသတွင်း မီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။
မဂိုအုပ်ချုပ်မှုအတွင်း မူဆလင်ဘာသာဝင်တွေရဲ့ ဝတ်ပြုရာနေရာ အများအပြားဟာ ရှေးဟောင်း ဘုရားကျောင်းတွေပေါ်မှာ တည်ဆောက်ခဲ့တာလို့ ဟိန္ဒူအုပ်စုတွေက ဆိုထားပါတယ်။
ဘုရားကျောင်းကိစ္စနဲ့ ဆယ်စုနှစ်များစွာ မဲဆွယ်စည်းရုံးခဲ့တဲ့ ပါတီဥက္ကဋ္ဌ မစ္စတာ မိုဒီဟာ နိုင်ငံလုံး ဆိုင်ရာ ရွေးကေက်ပွဲတွေမတိုင်ခင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တတိယအကြိမ်မြောက် အနိုင်ရဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အာဏာရလာပြီးနောက်ပိုင်း ဟိန္ဒူအာဏာကို ချုပ်ကိုင်ထားဖို့ တောင်းဆိုမှုတွေ ကျယ်လောင်လာခဲ့ပြီး နိုင်ငံရဲ့ သန်း ၂၁၀ ရှိတဲ့ မွတ်စလင်တွေဟာ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်မှုတွေရှိလာတယ်လို့ သိရပါတယ်။
Ref – AFP