ဘန်ကောက်၊ ဒီဇင်ဘာ ၂၂
ထိုင်းနိုင်ငံရဲ့ တန်းတူညီမျှတဲ့ လက်ထပ်ထိမ်းမြားမှုဥပဒေမူကြမ်း လွှတ်တော်ကို တင်သွင်းဖို့လုပ်နေတဲ့ အစိုးရရဲ့ လုပ် ဆောင်မှုအပေါ် အတိုက်အခံပါတီက ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
Move Forward ပါတီအနေနဲ့လည်း အလားတူ ဥပဒေကြမ်းကို အဆိုပြုတင်သွင်းထားကြောင်း ပါတီခေါင်းဆောင် ချိုင်ထဝတ်ကျူလာတွန်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
အစိုးရအိမ်တော်မှာ အငြင်းအခုန်ဖြစ်ခဲ့တဲ့ အရေးပေါ် အကြောင်းအရာဖြစ်တဲ့ တန်းတူညီမျှတဲ့ လက်ထပ်ထိမ်း မြားမှုဥပဒေမူကြမ်းကို ဝန်ကြီးချုပ်ဆရီထာသာဗီစင်ဟာ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
အတိုက်အခံခေါင်းဆောင် ချိုင်ထဝတ်က သူအနေနဲ့ ဒီမူကြမ်းနှစ်ရပ်စလုံးကို ပေါင်းစပ်နိုင်ပြီး အိမ်တော်ရဲ့ အတည်ပြုချက်ကိုရယူကာ လွှတ်တော်မှာ စဉ်းစားသုံးသပ်ဖို့ ပေးပို့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
အစိုးရနဲ့ အတိုက်အခံတွေဟာ ပဋိပက္ခနည်းနည်းနဲ့ အလုပ်အတူတကွ လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ အနာဂတ်မှာလည်း အိမ်တော်ရဲ့ အစည်းအဝေးတွေမှာ ကွဲလွဲမှုမရှိစေဘဲ အစိုးရပါလီမန်အမတ်တွေဟာ စည်းမျဉ်းအတိုင်း ဆောင်ရွက်မှာမှာ ဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။
Move Forward ပါတီခေါင်းဆောင်ကတော့ အစိုးရနဲ့ အတိုက်အခံအမတ်တွေဟာ လွှတ်တော်နှစ်ရပ်စလုံးမှာ မတူညီကြတာကြောင့် သဘောထားကွဲလွဲခြင်းတွေကို ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။
Ref – Thai PBS World