FILE PHOTO: Russian President Vladimir Putin attends a news conference after a meeting of the State Council on youth policy in Moscow, Russia, December 22, 2022. Sputnik/Sergey Guneev/Pool via REUTERS 


မော်စကို၊ ဒီဇင်ဘာ ၂၁

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်း၊ အမေရိကန်နဲ့ ဥရောပတို့က ယူကရိန်းအနာဂတ်အတွက် ဆွေးနွေးချင်တယ်ဆိုရင် ရုရှားက ပြင်ဆင်ထားမယ်လို့ ဆိုခဲ့ပြီး မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ယူကရိန်းသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တဲ့ ပူတင်ဟာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထပ်ခါတလဲလဲ ပြောနေခဲ့တာပါ။

ပူတင်ဟာ သူ့ရဲ့ အခုလို ကြိုးပမ်းမှုမပြုလုပ်မီ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေတယ်လို့ အနောက်နိုင်ငံတွေက အရာရှိတွေက ဆိုကြပါတယ်။

“ယူကရိန်းမှာ ရုရှားကို ရန်လိုနေတဲ့ ဥရောပနဲ့ အမေရိကန်က လူတွေ ညှိနှိုင်းချင်တယ်ဆိုရင် လုပ်ပါ၊ ဒါပေမယ့် အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး လုပ်မှာပါ” လို့ ပူတင်က ကာကွယ်ရေးခေါင်းဆောင်များ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။  

“ကျွန်တော်တို့ ပိုင်ဆိုင်တဲ့အရာတွေကို စွန့်လွှတ်မှာမဟုတ်ဘူး”လို့ ပူတင်က ဆိုပေမယ့် ရုရှားဟာ ဥရောပနဲ့တိုက်ဖို့ မရည်ရွယ်ကြောင်း သူက ဖြည့်စွက်ပြောပါတယ်။

၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံပြိုကွဲတဲ့အခါ ရုရှားဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ယူကရိန်းရဲ့ တစ် စိတ်တစ်ပိုင်းဖြစ်တဲ့ နယ်မြေရဲ့ ၁၇ ဒဿမ ၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ခရိုင်းမီးယားကို ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီး ယူကရိန်းရှိသူတို့ရဲ့တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ နောက်ထပ် နယ်မြေလေးခုဟာလည်း ရုရှားရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါသေးတယ်။

ကာကွယ်ရေးဝန်ကြီး ဆာဂီရှော်ဂူနဲ့ ဗိုလ်ချုပ်ကြီး ဗယ်လာရီတို့အပြင် ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှု (FSB) မှ ဒါရိုက်တာ အလက်ဇန်းဒါးတို့နဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများ တက်ရောက်တဲ့ ဝန်ကြီးဌာန အစည်းအဝေးမှာ ပူတင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရုရှားအထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း သမ္မတ ပူတင်က ဆိုပေမယ့် ရုရှားနိုင်ငံဟာ ပိုမိုကောင်းမွန်တဲ့ စစ်ရေးဆက်သွယ်မှု၊ ထောက်လှမ်းမှု၊ ပစ်မှတ်ထားမှုနဲ့ ဂြိုလ်တုစွမ်းရည်တို့ လိုအပ်ကြောင်း သူကဆိုပါတယ်။

ဒါပေမယ့်နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ ယူကရိန်းကိုတော့ နောက် ၁၀ နှစ် ဒါမှမဟုတ် အနှစ် ၂၀ မှာလည်း ရုရှားအတွက် လက်ခံနိုင်စရာမရှိဘူးလို့ ပူတင်က ပြောကြားခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.