မြိုင် – ဒီဇင်ဘာ ၂၀
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ကြောင်းကို တော်လှန်ရေးအင်အားစု တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးဝန်းကျင်ထိခိုက်သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ တော်လှန်ရေး တပ်တွေ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဒုတပ်ရင်းမှူးသေဆုံးခဲ့တဲ့အတွက် တွင်းမ ပျူစောထီးကျေး ရွာမှာ နားပြီး နှမ်းဆီကန်ရွာဘက်ကိုထွက်လာတဲ့ ထောက်ပို့စစ်ကြောင်းဖြစ်တယ်လို့ သိရပါ တယ်။
သေဆုံးသွားတဲ့ ဒုတပ်ရင်းမှူးဖြစ်သူဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က မြိုင်မြို့နယ် သာစည်ကျေး ရွာအနီး တိုက်ပွဲမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
“အဲဒီဘက်ကသေနတ်သံတွေလက်နက်ကြီးသံတွေကြားရတယ်။အရင်ရက်က လေယာဉ်နဲ့ပစ်သံ တွေလည်းကြားရတယ်။ စစ်ကြောင်းရှိတယ်ပြောတယ်။ အခြေနေတော့မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို တပ်ရင်းမှူးက ဦးစီးတာဖြစ်ပြီး နှမ်းဆီကန်ကျေးရွာရောက် ရှိလာချိန်မှာ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို ခိုးယူစားသောက်တာတွေရှိတယ်လို့ သိရပါ တယ်။
ဒါ့အပြင် လူသားဒိုင်းအဖြစ်ပြည်သူတွေကိုဖမ်းဆီးတာ၊အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီး တာ၊ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို လုယူတာနဲ့ လေယာဉ်ပစ်ကူခေါ်ပြီး ကျေးရွာတွေကို ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အဲဒီစစ်ကြောင်းရဲ့ ကင်းတိုထွက်လာချိန် နှမ်းဆီကန်ကျေးရွာအရောက်မှာတော့ အသင့်ထောင် ထားတဲ့ ပေပါမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒရုန်းမှတ်တမ်းကို အခြေခံပြီး မြိုင် ပကဖ က သတင်းထုတ်ပြန် ထားတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင် ပကဖတပ်ရင်း ၂၊၆၊၇၊၁၇ ၊မြိုင်ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ တပ်ရင်း-၁၊ တပ်ခွဲ – ၂ Myaing Warriors တပ်ဖွဲ့ ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့နဲ့ KMDF -ကမ္မကာကွယ်ရေးတပ်ဖွဲ့ ကမ္မတပ်ပေါင်းစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိုင် ပ.က.ဖ