ဆိုးလ်၊ ဒီဇင်ဘာ ၂၁
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုက ဒုတိယနိုင်ငံခြားရေးဝန်ကြီးချိုတေယိုကို နိုင်ငံခြားရေး ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ပြီး ချိုတေယွန်ကိုတော့ ထောက်လှမ်းရေး အကြီးအကဲအဖြစ် ရွေးချယ်ထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်မှုနဲ့အတူ နိုင်ငံဖြတ်ကျော် ပဲ့ထိန်းဒုံးတွေ စမ်းသပ်ပစ်လွှတ်ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို ခန့်အပ်ကြောင်း ကြေညာချက်တွေ ထွက်ပေါ်လာတာပါ။
အသစ်ခန့်အပ်ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ်က အမေရိကန်-တရုတ်အားပြိုင်မှုအပါအဝင် ယူကရိန်းစစ်ပွဲတွေနဲ့ ဘူမိနိုင်ငံရေးတွေမြင့်တက်နေချိန်မှာ သူ့အပေါ်ကိုလေးလံတဲ့ တာဝန်တွေ ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။
“အမျိုးသားလုံခြုံရေးနဲ့အကျိုးစီးပွားရဲ့ အခြေခံအုတ်မြစ်အတွက် အစွမ်းကုန်ကြိုးစားပါမယ်”လို့ ကုလသမဂ္ဂဆိုင်ရာ သံတမန်ဟောင်းနဲ့ သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ ချိုတေယွန် က ပြောပါသေးတယ်။
ဒါ့အပြင် သံတမန်တစ်ဦးလည်းဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးဌာနဒါရိုက်တာဖြစ်တဲ့ ချိုတေယွန်ကို ရွေးချယ်မှုဟာ နိုင်ငံအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မှန်တင်ပြဖို့ရှိတယ်လို့ ကတိပြုခဲ့ပါသေးတယ်။
သမ္မတက ဝန်ကြီးရာထူးတွေအတွက် လွှတ်တော်ရဲ့ အတည်ပြုချက် မဖြစ်မနေ လိုအပ်တာကြောင့် အမည်စာရင်းတင်သွင်းခြင်းဆိုင်ရာ အတည်ပြုကြားနာမှုတွေကို အမျိုးသားလွှတ်တော်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
Ref:Reuters