မော်လမြိုင်၊ ဒီဇင်ဘာ ၁၆

နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ တရားမဝင် ကုန်သွယ်မှုတွေမှာ ဝန်ထမ်းတွေကိုယ်တိုင်က တရားမဝင် ကုန်စည်တွေကို ငွေကြေးရယူ ဖြတ်သန်းခွင့်ပြုတာ၊ ဖမ်းဆီးတာမလုပ်ဘဲ မျက်ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်နေတယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒုတိယစစ်ခေါင်းဆောင်က တာဝန်ကျဝန်ထမ်းတွေဟာ တရားမဝင်ကုန်စည်တွေ တင်ဆောင်လာသည်ကို သိရှိလျက်နဲ့ ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ငွေကြေးရယူပြီးလွှတ်ပေးတာ၊ တားဆီးစစ် ဆေးရာမှာလည်း တရားမဝင်ကုန်စည်တွေ တွေ့ရှိပေမယ့် တန်ဖိုးနည်းကုန်စည်အချို့ကိုသာ ဟန်ပြဖမ်းဆီး အရေးယူတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

အခွန်ပေါင်းစွာဆုံးရှုံးနေတဲ့ တရားမဝင်ကုန်သွယ်မှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို တာဝန်ရှိသူအ ဆင့်ဆင့်က ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူကြဖို့နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌတွေကို ဒုတိယစစ်ခေါင်း ဆောင်က တိုက်တွန်းခဲ့တာပါ။

တရားမဝင်ကုန်သွယ်မှုတွေမှာ သက်ဆိုင်ရာဌာနဝန်ထမ်းတွေအပြင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ အရာရှိကြီးတွေ ကိုယ်တိုင်ပါဝင်ပတ်သက်မှု မြင့်တက်လာတယ်လို့ နယ်စပ်ကုန် သည်တွေက ဆိုကြပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးကတော့ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အာရှလမ်းမကြီး ပိတ်ထားရတဲ့အတွက် တရားဝင်ကုန်သွယ်မှု လုံးဝမရှိတော့တဲ့ အခြေအနေအထိ ရောက်ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကော့ကရိတ်ကြီးကလည်း အဝိုင်းခံရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ လမ်းတွေက ပိတ်နေတော့၊ တွဲကားတွေက အခုချိန်ထိ ကိုယ့်ကားတွေဆို နှစ်ပတ်လောက်ရှိပြီ ပိတ်မိနေတာ။ အခုချိန်ထိ လမ်းကမထွက်သေးဘူး၊ အပို့လည်းမရတော့ဘူး။ အဝင်လည်း မရတော့ဘူး။ အထွက်လည်း မရတော့ဘူး။ ထိုင်းပစ္စည်း အခုပြတ်နေတယ် ဈေးကွက်ထဲမှာ။ ထို့ကိုကိုးလမ်းကြောင်းတစ်ခုပဲရှိတယ် သွားလို့ရတာဆိုလို့။ လမ်းဟောင်းလည်း သိပ်သွားမရဘူး။ ထိုင်းကုန်စီးဆင်းမှုဟာဆိုရင် ၁၀ ရာခိုင် နှုန်းလောက်ပဲ ရှိတော့တာပေါ့။ ၆ဘီးကားတွေနဲ့က ဘယ်လောက် သယ်နိုင်မှာမို့လို့လဲ။ ဒါတောင်တ ရားမဝင်ဘဲ ရှိတော့တာလေ။ တရားဝင်မရှိတော့ဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီ ကုန်သွယ်မှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ တရားမဝင်ကုန်သွယ်မှုကနေ ဖမ်းဆီးရမိအမှုတွဲပေါင်း ၅၇၀၀ ကျော်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈ ဘီလီယံနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖမ်းရမိမှု တန်းဖိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ကျပ် ၆၀ ဘီလီယံကျော်အထိ မြင့်တက်လာသလို ဖမ်းဆီးရမိမှု တန်ဖိုးပမာဏဟာ နှစ်ဆကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒုတိယစစ်ခေါင်းဆောင်ကတော့ အခွန်အမြောက်အများ ဆုံးရှုံးနေတဲ့ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရေး ဆောင်ရွက်ရာမှာ “အမျိုးသားရေး တာဝန်”တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးကဏ္ဍကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးသောင်းကျော် ရရှိနေတာဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာတော့ ကုန်သွယ်မှုတန်းဖိုသိသိသာသာ ကျဆင်းလာတယ်လို့ ကုန်သွယ်မှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.