Rohingya Muslims rest on a beach after they land in Blang Raya, Pidie, Aceh province, Indonesia, December 10, 2023. REUTERS/Stringer

ဂျာကာတာ၊ ဒီဇင်ဘာ ၁၂

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ၄၀၀ လောက်ပါတဲ့ လှေနှစ်စင်း ဆိုက်ကပ်လာတယ်လို့ တံငါရွာတွေက အတည်ပြုထားပြီး နိုင်ငံအတွင်းဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေထဲမှာ အများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရောက်ရှိလာကြတာဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ ပြောဆိုချက်အရ နိုဝင်ဘာလတည်းက အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ၁၂၀၀ အထိရှိတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ ပဒီနဲ့အာချေးကမ်းခြေကို လှေ ၂ စင်းနဲ့ရောက်ရှိလာတာဖြစ်ပြီး လှေတစ်စင်း မှာ ၂၀၀ လောက်ပါဝင်တယ်လို့ အာချေးကျေးရွာအကြီးအကဲက ပြောပါတယ်။

ဒေသခံစစ်တပ်အာဏာပိုင်တစ်ဦးဖြစ်တဲ့ မစ္စတာ အန်ဒီဆူဆန်တိုကတော့ ရိုဟင်ဂျာဦးရေ ၁၈၀ ဟာ ပဒီကမ်းခြေကို မနက်အစောပိုင်းက ဆိုက်ကပ်လာတာဖြစ်တယ်လို့ ဆိုထားပြီး လက်ရှိမှာတော့ အရာရှိတွေဟာ အချက်အလက်ကောက်ခံနေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ ပြောဆိုချက်မှာ လှေတွေရောက်ရှိလာရ တဲ့ နောက်ကွယ်မှာ လူကုန်ကူးမှုရှိတယ်လို့ သံသယဖြစ်မိတဲ့အတွက် အဲဒီကိစ္စတွေကိုဖြေရှင်းနိုင် ဖို့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ကတိပြုထားပါတယ်။

ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုငြင်းပယ်ခံထားရတဲ့ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ထွက်ခွာလာကြသူတွေဖြစ်တယ်လို့ မူရင်းသတင်းမှာဖော်ပြထားပါ တယ်။

ဒါ့အပြင်သူတို့တွေဟာ လှေတွေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကိုထွက်ခွာလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ်က ပြဌာန်းထားတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားတာမရှိပေမယ့် နိုင်ငံရဲ့ ကမ်းခြေပေါ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကိုတော့ ခေါ်ဆောင်ထားလေ့ရှိတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.