ရန်ကုန် – ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်အရှေ့ပိုင်း ကြံ့ခိုင်ရေးပါတီရုံးကို DarkShadow တပ်ဖွဲ့ နဲ့ မဟာမိတ် (GOD) မြို့ပြတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်အစောပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပြီး ထိခိုက် ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။

အဲဒီရုံးဟာ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူး အရပ်ဝတ်အသွင်ယူသူတွေ အမြဲစုစည်းတွေ့ဆုံရုံးထိုင် ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို အစဉ်တစိုက် အန္တရာယ်ပေးခဲ့တဲ့သူတွေစုဝေးရှိတာကြောင့် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထီးလှိုင်ရှင်အိမ်ရာအနီးနေသူတစ်ဦးကတော့ ထိခိုက်မှုရှိတယ်လို့ အသေးစိတ်ကြားမိထားတာ မရှိဘူးလို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူး အရပ်ဝတ်အသွင်ယူသူတွေ စုစည်းရာ နေရာတွေအနီးကို သွားလာကြဖို့ Dark Shadow အဖွဲ့က အသိပေးထားပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုတွေဖြစ်လာခဲ့ရင်လည်း လုံခြုံစိတ်ချရတဲ့ နေရာတွေကနေသာ စောင့်ကြည့် ကြဖို့လည်း တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကြံ့ခိုင်ရေးပါတီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.