ပလက်ဝ – ဒီဇင်ဘာ ၁၁

ချင်းပြည်နယ်၊ပလက်ဝခရိုင်မှာ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ရဲ ၈ ဦးအလင်းဝင်လာတယ်လို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေက ပလက်ဝခရိုင် ရှင်းလက်ဝကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ဗျူဟာ ၃ ခလရ ၂၉၉ တပ်ရင်းက ရဲဘော် ကျော်ထက်ဝေနဲ့ ဒုတပ်ကြပ် နိုင်လင်းအောင်တို့ဟာ Chin land Defense Force- Paletwa ထံ အလင်းဝင်လာတယ်လို့ ဆိုထားတာပါ။ ဒ

ါ့အပြင် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ရှင်းလက်ဝ ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ၈ ဦး ထပ်မံ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကော်စီ /ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ ပလက်ဝတို့ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက် အပိုဒ် ၂၊၃ အရ ပြည်သူ့ရင်ခွင်ကို အလင်းဝင်ခိုလှုံတဲ့ တပ်မတော်သား၊ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးကို ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ အသိပေးထားပါတယ်။

ထပ်မံပြီး ပြည်သူရင်ခွင်ခိုလှုံလာမယ့် သူတွေကိုလည်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက အမြဲလက်ခံကြိုဆိုနေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲနဲ့ စစ်သား ၂ သောင်း နီးပါးအထိရှိလာပြီဖြစ်တယ်လို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media (ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.