မဏိပူရ်၊ ဒီဇင်ဘာ ၇

အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ် တန်ဂူပေါခရိုင်ထဲက ကျေးရွာတစ်ရွာမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှုတွေဖြစ်ခဲ့တာပါ။

 “ရုပ်အလောင်းတွေကို ချက်ချင်းဆိုသလို ခွဲခြားမှုကို ဆောင်ရွက်မယ့် အနေအထားမှာ မရှိပါဘူး၊ပြီးတော့ ဘယ်စစ်သွေးကြွတအဖွဲ့တွေနဲ့ ပတ်သက်တာလည်း မသိသေးပါဘူး”လို့ မဏိပူရ်ပြည်နယ် မြို့တော်အင်မ်ဖော်လ်မှ အာဏာပိုင်တစ်ဦးက ရိုက်တာကို ပြောပါတယ်။

ဒါ့အပြင် သတ်ဖြတ်ခံရပြီးတဲ့နောက် လက်နက်တွေအလုခံရတာလည်းဖြစ်နိုင်တယ်လို့ သူက မှတ်ချက်ပေးပါသေးတယ်။

ဒီပစ်ခတ်မှုတွေဟာ အကျိုးစီးပွားနဲ့ အစိုးရဆီက ရပိုင်ခွင့်တွေနဲ့ ဆက်စပ်တဲ့ လူမျိုးစုနှစ်ခုဖြစ်တဲ့ မေတီနဲ့ ကူကီးဇို တို့ရဲ့လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားပြီး ၇ လအကြာမှာဖြစ်ပေါ်လာတာပါ။

ပဋိပက္ခတွေဟာ လွန်လဲ့တဲ့ မေလ ၃ ရက်နေ့တည်းက ပြည်နယ်ရဲ့ဝေးလံခေါင်းဖျားတဲ့ဒေသ တွေမှာ ဖြစ်ပေါ်ခဲ့ပြီးလူ ၁၈၀ လောက်သေဆုံးကာ ထောင်နဲ့ချီနေရပ်စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။

မေတီလူမျိုးတွေဟာ အင်မ်ဖော်လမြို့ထဲနဲ့ အနီးတဝိုက်မှာ နေထိုင်တဲ့ ဟိန္ဒူလူမျိုးတွေဖြစ်ကြပြီး ကူကီးဇိုနဲ့ တခြားလူနည်းစုတွေကတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြသလို တောင်ပေါ်ဒေသ တွေမှာ နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဏိပူရ်ပြည်နယ်မှာ တင်းမာမှုတွေဟာ ပြည်နယ် အတွင်း အာဏာရပါတီ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီ ဝန်ကြီးချုပ် မိုဒီရဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးပျက်ကွက်မှုအဖြစ် ရှုမြင်ထားကြပါတယ်။

မိုဒီကဟာ မဏိပူရ်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဇူလိုင်လက အမျိုးသမီးနှစ်ဦးကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝတ်လစ်စလစ်နဲ့ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထွက် ပေါ်လာတဲ့ အခြေအနေအထိ နှုတ်ဆိတ်နေသေးတယ်လို့ သိရပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.